Movie Name
Pardes (1997)
Year
1997
Generes
Drama, Romance
Code
IND0124
Type
Movie
Size
1.82 GB
Country
Bollywood
Description
Pardes (1997) ***** IMDb Rating (7.0) / Rotten Tomatoes (72%) Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်း ************* ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ခံယူထားသူ ။ ကစ်ရှိုးလားဂျီးရဲ့စိတ်ကူးထဲက ချွေးမအလိမ္မာလေးဟာ အိန္ဒိယကိုအလည်သွားတုန်းက အိန္ဒိယရှိမွေးရပိမြေရွာမှ ငယ်သူငယ်ချင်း ဆူရတ်ဂျီးရဲ့သမီး ဂင်္ဂါကိုတွေ့ကတည်းက သူမလေးဟာ ရာဂျစ်ဗ်ရဲ့ဇနီးလောင်းရယ်လို့ကို အတည်ပြုလိုက်ခဲ့ပြီးပြီ ။ ဒါပေမဲ့ အမေရိကမှာမွေး ၊ အမေရိကမှာကြီးတဲ့ သူ့သားရာဂျစ်ဗ်လက်ခံလာအောင် စည်းရုံးသိမ်းသွင်းဖို့တာဝန်ကို အာဂျွန်(ရှာရွတ်ခန်) ကို ပေးအပ်လိုက်တော့တယ် ။ အာဂျွန်ဆိုတာ ကစ်ရှိုးလားဂျီးနဲ့ သွေးစပ်ရင်တော်ရုံဆွေးမျိုးသာသာရယ် ။ အိန္ဒိယကနေ အမေရိကကို အလုပ်လာလုပ်… တက္ကစီမောင်း ဘာမောင်း စသည်ဖြင့်ရုန်းကန်နေတုန်း ကစ်ရှိုးလားဂျီးနဲ့ဆုံတွေ့ခဲ့လေတော့ ရိုးးသားကြိုးစားတဲ့အာရ်ဂျွန်ကို ကားဝပ်ရှော့တစ်ခုထောင်ပြီးဦးစီးစေကာ သူ့ရဲလူယုံတစ်ဖြစ်လဲ ညာလက်ရုံးတစ်ဆူဖြစ်လာတော့တယ် ။ အာရ်ဂျွန်က လူငယ်ပီပီ အနုပညာဘက်လဲ ဝါသနာပါလေတော့ အလုပ်တွေတစ်ဖက်နဲ့ တီးဝိုင်းလေးထောင်ပြီး သီချင်းကလဲဆိုသေးတာ….လောလောဆယ် ထွက်ရှိထားတဲ့ “I Love My India ” သီချင်းဟာ အမေရိကနဲ့ အိန္ဒိယ နဲ့ အာရှနိုင်ငံအချို့ရဲ့ Music Chart တွေမှာ Top ဝင်ခဲ့တယ် ။ ဘယ်လောက်ပဲ အောင်မြင်နေပါစေ….သူ့ဘဝကိုဒီနေရာထိရောက်အောင် ဖေးမပေးခဲ့တဲ့ ကျေးဇူးရှင်ကစ်ရှိုးလားဂျီးအတွက်ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ အာရ်ဂျွန် ။ အမေရိကန်မှာမွေး ၊ အနောက်တိုင်းအယူအဆ ၊ အလေ့အထ ၊ လူမှုဝန်းကျင် ၊ အနောက်တိုင်းယဉ်ကျေးမှုမှာ အသားကျနေပြီဖြစ်တဲ့ ရာဂျစ်ဗ်နဲ့ ရိုးရာယဉ်ကျေးမှု မြင့်မားလှပြီး ၊ ကိုယ့်ကျင့်သိက္ခာနဲ့ကျင့်ဝတ်ကို တန်ဖိုးထားမြတ်နိုးတဲ့ အိန္ဒိယမိန်းကလေး ဂင်္ဂါတို့ကို နီးစပ်အောင် အာရ်ဂျွန်တစ်ယောက် အောင်သွယ်ပေးရတဲ့အခါမတော့ …………. 👉 “ဂင်္ဂါ”နေရာအတွက် ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ မာဒူရီးဒစ်ရှစ်ကို ချဉ်းကပ်ခဲ့တာပါ ။ အဲ့ဒီခေတ်ဟာ မာဒူရီးခေတ်ဆိုတော့ ရိုက်ရက်ကြပ်နေတာနဲ့ မရခဲ့ဘူး ။ 👉 “ဂင်္ဂါ ” ဇာတ်ကောင်နေရာအတွက် မာဟီမားကျောင်ဒရီးဟာ အော်ဒီရှင်း (၃၀၀၀) ပေးခဲ့ပြီးမှ ရွေးချယ်ခံခဲ့ရတာပါ ။ 👉 တကယ်တော့ မာဟီမားကျောင်ဒရီး ရဲ့နာမည်အရင်းက “ရီတူးကျောင်ဒရီး “ပါ ။ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ “M”အက္ခရာအစွဲရှိသူမို့ “မာဟီမားကျောင်ဒရီး “လို့ပြောင်းလိုက်ရတာပါ ။ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းဟာ ဘယ်လောက် “M”အက္ခရာအစွဲရှိသလဲဆိုရင် သူလက်တွဲအလုပ်လုပ်ခဲ့တဲ့ဇာတ်ကားတွေမှာ မင်းသမီးတွေဟာ မာဒူရီးဒစ်ရှစ် ၊ မီနာခ်ရှီဟာဒရီ ၊ မနီရှားကွိုင်လာရာတို့နဲ့ အများဆုံးဖြစ်တာတွေ့ရမှာပါ ။ 👉တေးဂီတအတွက် ဂီတမှူး A.R.Rahman ကိုအရင်ချဉ်းကပ်ခဲ့ပေမဲ့ ဇာတ်ကားတွေလက်ခံထားတာများပြားလှတာကြောင့် နောက်ဇာတ်ကား(Taal) မှာ မဖြစ်မနေ လက်ခံပါ့မယ်ဆိုလို့ လက်လျှော့ခဲ့ရပြီး ၊ ဂီတမှုး Nadeem-Sharvan တို့ကို ရွေးချယ်ခဲ့ရတယ် ။ “Pardes ” တေးဂီတအယ်လ်ဘမ်ဟာ အဲ့ဒီနှစ်ရဲ့ ဒုတိယအရောင်းကောင်းဆုံးအယ်လ်ဘမ်ဖြစ်ခဲ့တယ် ။ အရောင်းကောင်းဆုံး ပထမချိတိသွားတဲ့အယ်လ်ဘမ်ကတော့ “Dil Ti Pagal Hai “ဖြစ်ပါတယ် ။ 😘😘😘 👉 “Pardes “ဟာ “2nd highest grossing Film of 1997 in overseas “ဖြစ်ခဲ့ပါတယ် ။ (Highest Grossing Film of 1997 in Overseas ကတော့ “Dil To Pagal Hai “ဖြစ်ပါတယ် 😍😍😍) 👉 ဂန္ဓဝင်တေးရေးဆရာကြီး အာနန်းဘက်ခ်ရှီးနဲ့ ဂီတမှူး Nadeem-Sharvan တို့ ပထမဆုံးတွဲဖက်အလုပ်လုပ်ခဲ့တဲ ဇာတ်ကားဖြစ်ခဲ့ပါတယ် ။ 👉 ဒီဇာတ်ကားကို ဗန်ကူဗာ(ကနေဒါ) ၊ လပ်စ်ဗီးဂပ်စ်(အမေရိက) ၊ အိန္ဒိယရှိ ဂင်္ဂါမြစ် ၊ အာဂရာ ၊ တာ့ဂ်ျမဟာလ် ၊ ဆစ်ခ်ကျောင်းတော်နဲ့ အထင်ကရနေရာ အတော်များများမှာ ရိုက်ကူးခဲ့ပါတယ် ။ 👉 ဒီဇာတ်ကားကို ၁၉၉၈မှာ တောလီးဝုဒ် (တီလဂူရုပ်ရှင်) မှ”Peli Kanuka “အဖြစ် Remake ပြန်လည်ရိုက်ကူးခဲ့တယ် ။ 👉 မြန်မာ့ရုပ်ရှင်ကတော့ ဒွေး ၊ ရာဇာနေဝင်း ၊ ထက်ထက်မိုးဦးတို့ပါဝင်တဲ့ “လျို့ဝှက်ရင်ခုန်သံ “အဖြစ်ပြန်လည်ရိုက်ကူးခဲ့တယ် ။