Movie Name
Dream Lover (1993)
Year
1994
Generes
Drama, Thriller
Code
EN0483
Type
Movie
Size
989 MB
Country
Hollywood
Description
IMDb Rating (6.2) / Rotten Tomatoes (57%) မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ… ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ… အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား…. လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါ ဒီဇာတ်ကားဖြစ်လာတာပါပဲ… ၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့ စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ… မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့… ခုကတော့ မင်းသမီး Mädchen Amick ပေါ့… သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်… ဇာတ်လမ်းကတော့.. ‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့ အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် … သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာ နောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်… သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်.. သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ… ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်.. ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ အချစ်စစ်မြေပြင်မှာ မကြောက်မရွံ့ တစ်ဖန်တိုက်ပွဲဝင်ခြင်းမျိုးပေါ့.. လီနာဟာ တကယ်ပဲသူ့စိတ်ကူးအိပ်မက်ထဲကအမျိုးသမီးလား၊ သူဖြစ်ချင်ခဲ့…လိုချင်ခဲ့တဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝမျိုး ရလာမှာလားဆိုတာ…..။ မင်းသမီး Mädchen Amick ရဲ့ ညှို့အားပြင်း ဝက်လစ်စလစ် Scence တချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့မသင့်တော်ပါ။