Movie Name
Brave Gunjyo Senki (2021)
Year
2021
Generes
Adventure, Fantasy, Historical
Code
JP0019
Type
Movie
Size
1.05 GB
Country
Japan
Description
ဒီတစ်ခါမှာတော့ လောလောလတ်လတ်ကထွက်ခဲ့တဲ့ Rurouni Kenshin: Final Chapter မှာလည်းပါဝင်ခဲ့တဲ့ ဂျပန်နာမည်ကြီးမင်းသား Mackenyu ရဲ့ အချိန်ခရီးသွားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ သူပဲလားဆိုတော့ မဟုတ်ပါဘူး လူတိုင်းနီးပါးသိတဲ့ Death Note ထဲ့မှာ “L” လို့သိကြတဲ့ Ken’ichi Matsuyama လည်း ပါဝင်ထားပါသေးတယ် ။ ဇာတ်ကြောင်းလေးကတော့… စဲအိတိုခု အားကစားအထက်တန်းကျောင်းလေးမှာ ဆန်းကျယ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူတို့တစ်ကျောင်းလုံး ၁၅၆၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအချိန်ကို ရောက်ရှိသွားခဲ့ပါတယ် အဲ့ဒီအချိန်ဟာဆိုရင် စစ်ပွဲကာလဖြစ်တဲ့အတွက် ရုတ်ချည်းဆိုသလို အေးချမ်းနေတဲ့ သူတို့ကျောင်းလေးထဲကို အရင်ခေတ်က စစ်သည်တွေဝင်ရောက်လာပြီး အကြမ်းဖက်ပါတော့တယ် တချို့သူငယ်ချင်းတွေလည်း အသတ်ခံရ တချို့တွေလည်း အဖမ်းခံ နှိပ်စက်ခံရတဲ့အခါမှာတော့ အားကစားထူးချွန်ကျောင်းသားတွေပူးပေါင်းပြီး ရှေးခေတ်စစ်သည်တော်တွေကို ညီညွှတ်ခြင်းအင်အား ခေတ်သစ်နည်းပညာတွေနဲ့ ဘယ်လိုရဲရဲဝင့်ဝင့် ရင်ဆိုင် တိုက်ခိုက်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက် ကြည့်ရှုကြရမှာပါ ။ ( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )