Movie Name
Endless Rain (2021)
Year
2021
Generes
Drama, Romance
Code
KR0084
Type
Movie
Size
1.04 GB
Country
Korea
Description
Endless Rain (2021) “ဒီဇင်ဘာ ၃၁ မှာ မိုးရွာခဲ့ရင်တွေ့ကြမယ်” အဲဒီစာကြောင်းလေးတစ်ကြောင်းကြောင့် ဒီဇင်ဘာ ၃၁ မှာ မိုးကိုမျှော်နေတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။ တက္ကသိုလ်၀င်တန်းကိုအကြိမ်ကြိမ် ကျရှုံးရင်း စိတ်လေနေတဲ့ ကောင်လေး၊ ဘ၀အဓိပ္ပါယ်ကို ရှာဖွေနေရင်းက အမှတ်မထင် ငယ်ချစ်ဦးထံကို စာတိုက်ကနေစာရေးပို့မိရင်းကနေ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိသွားပါတယ်။ သူ့ဘေးမှာလည်း မထင်မှတ်ဘဲရောက်လာတတ်တဲ့ ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက် ရှိလို့နေပြန်သေးတယ်။ အမှန်တော့ ကောင်လေးပို့လိုက်တဲ့စာကို အိပ်ရာထဲလဲနေရှာတဲ့ သူ့ငယ်ချစ်ဦးကောင်မလေး ဆိုယွန်းက မဖတ်နိုင်ရှာပါဘူး။ စာဖတ်ပြရတဲ့ ကောင်မလေးက သူ့ရဲ့ညီမဖြစ်သူ ဆိုဟီးပါ။ ကောလိပ်ဆက်မတက်ဘဲ မိခင်ရဲ့စာအုပ်ဆိုင်မှာပဲ ကူလုပ်ရင်း အစ်မကိုလည်း အဖော်ပြုနေရတဲ့ ဆိုဟီးဟာ သူငယ်ချင်းတောင် ရှားပါးသူပါ။ တစ်နေ့မှာ မမျှော်လင့်ဘဲအစ်မဖြစ်သူဆီရောက်လာတဲ့ စာတစ်စောင်က အစပြုလို့ စာချင်းပြောဆိုဆက်သွယ်တဲ့ သူငယ်ချင်းတစ်ဦး ရှိလာပါတယ်။ စာထဲကတဆင့် သူတို့နှစ်ဦးရဲ့သံယောဇဉ်ဟာ နှောင်တွယ်လာတဲ့အခါ တွေ့ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ ဒါပေမဲ့ မိုးရွာတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ သူတို့တွေ့ဆုံမယ်လို့ သဘောတူခဲ့ကြပါတယ်။ သူတို့နှစ်ဦး တကယ်ပဲတွေ့ဆုံဖြစ်ပါ့မလား၊ သူတို့သတ်မှတ်ထားတဲ့ရက်မှာ မိုးကရောရွာပါ့မလား၊ သူတို့နှစ်ဦးရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်မလဲ၊ သူတို့ရဲ့ဘ၀တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို… ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း မပျင်းမရိရစေဘဲ ကြည်နူးနူး၊ လွမ်းလွမ်းဆွတ်ဆွတ်လေး ကြည့်ရမှာပါ။ မင်းသားချော Kang Ha-neul နဲ့ မင်းသမီး Chin Woo-hee တို့ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ချစ်စရာ၊ လွမ်းစရာ‌၊ ရင်ခုန်စရာကောင်းသလို အချစ်၊ ဘ၀နဲ့ ဒရမ်မာကိုခပ်ပါးပါး‌နှောထားတဲ့ တစ်ကားတည်းအပြီး ကိုရီးယားအချစ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ လက်မလွတ်တမ်း ကြည့်သင့်ပါတယ်နော်။