Movie Name
Love Story In London (2021)
Year
2021
Generes
Drama, Romance
Code
CN0103
Type
Movie
Size
1.02 GB
Country
China
Description
Love Story In London (2021) ကျွန်​​တော်တို့ ဆယ်​ကျော်သက်ဘ၀မှာ ကိုယ့်ဘ၀ထက်​တောင် ပိုပြီးချစ်ခဲ့မိတဲ့ အချစ်ဆုံးလူသား​လေးတစ်​ယောက်​တော့ လူတိုင်းမှာရှိခဲ့ကြမှာပါ။ ပိုင်ဆိုင်ရသည်ဖြစ်​စေ၊ မပိုင်ဆိုင်ရသည်ဖြစ်​စေ၊ သူ့အ​ကြောင်း​တွေးမိလိုက်တိုင်း ….. ရင်ထဲ​​နွေး​ထွေးသွားရတဲ့ အခိုက်အတန့်​​လေးတွေက​ တန်ဖိုးမဖြတ်နိုင်​လောက်​အောင်ပါပဲ။ ဒီကား​လေးဟာလည်း ဆယ်​ကျော်သက်ဘဝ လွမ်း​​မောဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ကျူးပြသထားတာဖြစ်ပါတယ်။ ကျွန်​တော်က​တော့ ဒီကား​လေးက “You Are The Apple Of My Eye” ရဲ့ အရိုက်အရာကို ဆက်ခံနိုင်လိမ့်မယ်လို့ထင်တယ်ဗျာ။ ဒါဆို ဇာတ်ညွှန်း​လေးကို စလိုက်ကြရ​အောင်။ ကျန်းဟယ် မှာ ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့ ဂူရှင်းလဲ့ဆိုတဲ့​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဂူရှင်းလဲ့ က စာ​​ဖက်မှာလည်း မထူးချွန်သလို အားကစားဖက်ကြည့်ပြန်​တော့လည်း ညံ့မြဲညံ့ဆဲပါ အဲ့တာ​ကြောင့် ကျန်းဟယ်က သူ့ကို “ငတုံးဂူ” လို့ နာမည်​​ပြောင်ပေးထားခဲ့တယ်။ ကျန်းဟိုင် က​တော့ ဂူရှင်းလဲ့နဲ့ ဆန့်ကျင်ဖက် အရာရာပြီးပြည့်စုံပြီး ကျန်းဟယ်ရဲ့တစ်ဖက်သတ်ကျိတ်ချစ်ခြင်းခံရသူဆိုလည်း မမှားပါဘူး။ သူတို့​နှစ်​ယောက်ဟာ အ​တော်ထူးချွန်တဲ့အတွက် ပြိုင်ပွဲ​​ပေါင်းများစွာမှာ ဆု​တွေအသီးသီရရှိဆွတ်ခူးထားကြတာပါ။ ဒီလိုနဲ့အတန်း​တွေကြီးလာတဲ့အခါ နှစ်​​ယောက်စလုံးဟာ အင်္ဂလန်နိုင်ငံ က နာမည်ကြီးတက္ကသိုလ်တွေရဲ့ ဖိတ်ကြားစာ အသီးသီးလက်ခံရရှိကြပြီး ပညာ​တော်သင်သွားဖို့ ပြင်ဆင်ကြပါ​တော့တယ်။ နိုင်ငံခြားမှာ ကျန်းဟိုင်နဲ့အတူ ပညာ​တော်သင်သွားရဖို့က ကျန်းဟယ် မမက်ရဲခဲ့တဲ့ အိပ်မက်ဖြစ်ပြီး၊ ကျန်းဟယ်နဲ့ အမြဲအတူရှိ​နေချင်တာက ဂူရှင်းလဲ့ရဲ့အိပ်မက်ပါ။ သုံးပွင့်ဆိုင်ဖြစ်​နေကြတဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်း​လေးကို မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ဖို့​တော့လိုမယ်ဗျာ။ ဘာပဲ​ပြော​ပြော ဒီကား​လေးက အချိန်​ပေးကြည့်ရတာ တန်လွန်းပါတယ်။ မင်းသားနှစ်​ယောက်ရဲ့ အ​ချောအလှ​တွေအပြင် လန်ဒန်မြို့ကြီးရဲ့ အလှအပ​တွေကိုပါ တမျိုးတဖုံကြည့်ရှုခံစားရမှာဖြစ်တာ​ကြောင့် ​ သေချာ​​ပေါက်ကြည့်ရှုအား​ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက​တော့ Thet Hnin Hsu ပါ။