-
Movie Name
-
No Man Of God (2021)
-
Year
-
2021
-
Generes
-
Biography, Crime, Drama
-
Code
-
EN0489
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
No Man of God(2021)အညွှန်း
**************************
The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့
FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်…
” ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ “
တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ…
ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ…
အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ ….
ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး
အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို
ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ…
သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် …
ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ …
ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့်
FBI အရာရှိ ဘေလ်ဟက်မိုင်ယာရဲ့ရှူထောင့်က ရိုက်ကူးထားတာဖြစ်ပါတယ်…
ဘေလ်အဖြစ် မင်းသားအယ်လီယာဝုစ်က သရုပ်ဆောင်ထားပါတယ် …
ဘေလ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်တဲ့လူသစ်ပေါ့ အဲဒီသက္ကရာဇ်များမှာ FBI တွေဟာ
ပြစ်မှုကျူးလွန်တဲ့ရာဇဝတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ အတွေးအခေါ်တွေကို
ခွဲခြမ်းစိတ်ဖြာဖို့ တကယ့်ရာဇဝတ်ကောင်တွေကို အင်တာဗျူးကြပါတယ်..
. ဘေလ်က အားလုံးတားတဲ့ကြားက တက်ကို ရွေးချယ်လိုက်တယ်ဆိုပါတော့..
. ဒီလိုနဲ့ သူတို့နှစ်ယောက် အချိန်အတိုင်းအတာတစ်ခုအထိ အတူတူကုန်ဆုံးပြီးနောက်မှာတော့
ဘေလ်သိလာရမှာတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ပါဦး….
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်…