Movie Name
Crime Crackdown
Year
2021
Generes
Action, Crime
Code
SC0334
Type
Series
Size
11.4 GB
Country
China
Description
ဒီတစ်ခါတော့ CMကနေ အက်ရှင် seriesတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာဆိုရင် Exo M အဖွဲ့ရဲ့ main dancer lay ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အက်ရှင်ပုံစံနဲ့ မိမိုက်ချောမောနေတဲ့ layကိုပါ အဆစ်ကြည့်ရမှာပါနော် နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးကြီးတွေလည်း အများကြီး ပါဝင်အားဖြည့်ထားတာမို့လို့ တကယ်ကို ကြည့်ရတာတန်မဲ့ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကြောင်းအရာလေးကတော့… ရဲဝန်ထမ်း Li Cheng Yang ဟာ အမှုတစ်ခုကို ဖြေရှင်းဖို့ကြိုးစားရင်း မကောင်းတဲ့လက်နက်ကိုင်အဖွဲ့နဲ့ အထက်လူကြီး ချောက်ချတာခံရပြီး ထောင်ကျသွားခဲ့ပါတယ် ဒါပေမဲ့ ကံကောင်းထောက်မစွာ တရုတ်နိုင်ငံ​ရေး ဆိုဗီယက်ဆိုင်ရာဝန်ထမ်းဌာနနဲ့ အဓိက ကြီးကြပ်ရေးမှုးဌာနတို့ရဲ့ ဦးဆောင်မှုကြောင့် ထောင်မှ ပြန်လွတ်လာပြီး ဌာနမျိုးစုံက လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ကို ဝင်လိုက်ရပါတယ် အဲ့ဒီနောက်မှာ Li Cheng Yangတစ်ယောက် Lin Hao ၊ He Yongတို့နှစ်ယောက်နဲ့ ပူးပေါင်းပြီး ကျုံးကျန်းမြို့မှာ ၁၀နှစ်ကျော် အာဏာမြဲခဲ့တဲ့ မကောင်းတဲ့ ​အဖွဲ့ကြီးနှစ်ဖွဲ့ကို ဖယ်ရှား​ပြီး အမှန်တရားကိုရှာဖို့ ကြိုးစားပါတော့တယ် မကောင်းမှုတွေ လွှမ်းမိုးနေတဲ့ အာဏာရှိအဖွဲ့ကို သူတို့သုံးယောက် သွားထိမိပြီး ဘယ်လို ချောက်ချ နှိပ်စက်မှုတွေကို ​ခံစားရမလဲ ဒီအတောတွင်းမှာရော ဘယ်လို ဆန်းကျယ်တဲ့အမှုတွေကို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားလေးဟာဆိုရင် ဇာတ်အိမ်လေးကလည်း ဆန်းပြီး ကြမ်းကြမ်းရမ်းရမ်းနဲ့ အရိုဆန်နေမဲ့ကားမျိုးမဟုတ်တာကြောင့် လျှို့ဝှက်ဆန်းကျယ် သဲထိတ်ရင်ဖို ဇာတ်လမ်းလေးတွေကိုမှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိတ်သတ်တွေ လုံးဝကျော်မသွားသင့်တဲ့ ဇာတ်ကားလေးပါနော်