-
Movie Name
-
My Mister
-
Year
-
2018
-
Generes
-
Drama, Family
-
Code
-
SKR0182
-
Type
-
Series
-
Size
-
7 GB
-
Country
-
Korea
-
Description
-
IUကားလေးလာပါပြီနော် အခုတစ်ခေါက်တင်ဆက်ပေးမှာကtvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်လျက်ရှိတဲ့ My Misterဆိုတဲ့ongoing ကားလေးပါ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မင်းသားက Lee Sun Kyunနဲ့ မင်းသမီးကIUပါ စုစုပေါင်း ၁၆ပိုင်းပါဝင်ထားပြီး လက်ရှိမှာ ၄ပိုင်းထွက်ရှိထားပါတယ် ၄ပိုင်းမှာတင် IMDB 6.0/10 ထိ rating ရရှိထားတဲ့ကားလေးပါ ဒီကားလေးထဲမှာဆို IUရဲ့လုံးဝကွဲထွက်နေတဲ့ characterနဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ အသက်၄၀ကျော်အင်ဂျင်နီယာအိမ်ထောင်သည် အမေနှင့်အတူ,အလုပ်မရှိတဲ့အကိုတစ်ယောက်နဲ့ရုပ်ရှင်ဒါရိုက်တာရူးရူးတဲ့ဲညီတစ်ယောက်နဲ့အစ်ကို၂ယောက်နဲ့အတူနေထိုင်လျက်ရှိတဲ့ ပါ့ခ်ဒုန်ဟွန်း ဒုန်ဟွန်းရဲ့ကုမ္မဏီကစီမံရေးမှုး ဂျွန်ယောင်း(Kim Young Min)နဲ့ရှုပ်နေပြီးတော့ ဒုန်ဟွန်းကိုကွာရှင်းချင်နေတဲ့ ပါခ်ဒုန်ဟွန်းရဲ့ဇနီးသည် ယွန်းဟီ(Lee Ji Ah) အဘွားအိုကိုစောင့်ရှောက်နေရတဲ့အကြွေးတွေနစ်နေတဲ့ အသက်၂၀ကျော် ကောင်မလေးလီဂျီအန် တစ်နေ့မှာတော့ ဒုန်ဟွန်းကို 50 million won ($50,000 USD) လက်ဆောင်လာပေးတာကိုမြင်လိုက်တဲ့ ဂျီအန်ဟာသူ့အကြွေးတွေကိုဖြေရှင်းဖို့ အဲ့ပိုက်ဆံတွေကိုယူဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး အဲ့တော့ ဂျွန်ယောင်းကိုချဉ်းကပ်ပြီး ဒုန်ဟွန်းကို ကုမ္မဏီကထွက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့အပေးအယူနဲ့သူ့အကြွေးတွေကိုဆပ်ဖို့ကြိုးစားတဲ့အခါမှာ…… ဒုန်ဟွန်းကိုဘယ်လိုချဉ်းကပ်မှာလဲ……. ဇနီးသည်ဖောက်ပြန်နေတဲ့ဒုန်ဟွန်းကကောဘာတွေဆက်ဖြစ်မလဲ…. ဂျီအန်ကကောသူ့အကြွေးတွေကိုဆပ်နိုင်မှာလား…. သူတို့နှစ်ယောက်အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ? ဘယ်လိုတွေကျော်လွှားကြမလဲ? ဆိုတာဒီကားလေးမှာကြည့်ရှုကြပါလို့ ဒီကားက တခြားပျော်စရာကားတွေနဲ့မတူပါဘူး ဘဝရဲ့ရုန်းကန်ရမှုတွေ အလုပ်ခွင်အလုပ်သမားတွေ အကြောင်းရိုက်ပြထားတယ် စစချင်းကြည့်ရင်ပျင်းစရာကောင်းတယ်ထင်ရင်ထင်လိမ့်မယ် သူတို့ကိုကြည့်ပြီးမွန်းကြပ်မိမယ် စိတ်ပင်ပန်းမိလိမ့်မယ် အစပိုင်းမှာအဲ့လိုထင်ရပေမယ့် တဖြည်းဖြည်းကြည့်ရင်းနဲ့ ကြိုက်လာလိမ့်မယ်ထင်ပါတယ် အချိန်ပေးပြီးသေချာအေးအေးဆေးဆေးလေးကြည့် ကြည့်ပါလို့ P.S ကိုယ်ကတော့ဒီကားမှာIU ရဲ့ဇာတ်ကောင်ကိုကော သရုပ်ဆောင်တာကိုကောသဘောကျမိတယ်