-
Movie Name
-
Afterlife Of The Party (2021)
-
Year
-
2021
-
Generes
-
Comedy, Drama, Fantasy
-
Code
-
EN0501
-
Type
-
Movie
-
Size
-
1.30 GB
-
Country
-
Hollywood
-
Description
-
Afterlife of the Party (2021)
ကဲ တမလွန်ဘ၀ ခဏသွားကြရအောင် ….. ပရိသတ်ကြီးရေ
အဲလို မေးလို့လည်း လန့်မသွားကြပါနဲ့ဦး
ဘာလို့ဆို ခင်ဗျားတို့ကို မေးစရာရှိလို့ဗျ
တကယ်လို့သာ အခု စာဖတ်နေတဲ့သူ သေသွားတယ်
ဒါပေမဲ့ လူ့ပြည်မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေကလည်း ကျန်ခဲ့သေးတယ်
ပြင်ဆင်ချင်တဲ့ အမှားတွေ ရှိခဲ့တယ် ဆိုပါတော့ …..
အဲဒီအချိန်မှာ ကံထူးပြီး ဒီအမှားတွေကို ပြန်လည် ပြင်ဆင်ခွင့်အနေနဲ့
ဒုတိယအခွင့်အရေးရလာမယ်
အခွင့်အရေးကို အသုံးချပြီး အမှားတွေပြင်နိုင်ခဲ့ရင် ကိုယ့်အတွက် ကောင်းကျိုးရမယ်ဆိုရင်
အားလုံး ဒီအခွင့်ကို အရယူမိကြမှာလား
ဒီလိုပါပဲ ဒီဇာတ်လမ်းထဲက ကတ်စီဆိုတဲ့ ကောင်မလေးဟာလည်း
ဒီလိုအခြေအနေနဲ့ ကြုံခဲ့ရတယ်
ကံမကောင်းစွာနဲ့ သေသွားခဲ့ပေမဲ့
လူ့ဘ၀မှာ သိရက်ရော မသိရက်နဲ့ပါ အမှားတွေ လုပ်ခဲ့တယ်
ဒါကို ပြန်ပြင်ဖို့ သူ အချိန် ၅ ရက် အခွင့်ရလာတဲ့အခါ
သူဘယ်လိုတွေ လှုပ်ရှားပြီး သူ့ရဲ့ အမှားတွေကို ပြင်ဆင်မလဲ
အချိန်မီရော ပြင်ဆင်နိုင်ပါ့မလား
Fantasy, comedy ,drama ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့အတွက်
ဒီဇာတ်လမ်းက နှုတ်ခမ်းနီမလေးတွေအတွက် ပိုဘ၀င်တွေ့စေမယ့် ဇာတ်လမ်းလို့ ယူဆမိပါတယ်
ညီအစ်ကိုရောင်းရင်းတို့ကတော့ အချောအလှလေး ငေးချင်သပဆို ကြည့်ကြပါ
ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အပျင်းပြေလို့ ဘ၀င်တွေ့မိပါတယ်ဗျ
IMDb – 5.6 ရရှိထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
အညွှန်းကို Yoon Sandi Aung က ရေးသားထားပြီးတော့
ဘာသာပြန်တွေကတော့ Yoon Sandi Aung, Shwe Pyae, Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။