Movie Name
Dream Of Chang'an Stand By Me
Year
2021
Generes
Drama, Fantasy, Historical, Romance
Code
SC0335
Type
Series
Size
15.9 GB
Country
China
Description
အားလုံးမျှော်လင့်စောင့်စားနေတဲ့ကားလေး လာပါပြီနော် Ratingတွေအများကြီးနဲ့ ပရိတ်သတ်အသည်းကို သိမ်းသွားခဲ့တဲ့ love and redemption လေးကိုမှတ်မိကြတယ်မို့လား ဒီတစ်ခေါက်တော့ CMက ​အဲ့ဒီ ဇာတ်ကားလေးထဲက မင်းသား ယွီစီဖုန်းလေးနဲ့ မင်းသမီးရဲ့အမ ချူလင်းလုံတို့ အတူတွဲဖက်ပြီး ရိုက်ကူးထားတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ထန်မင်းဆက်ရဲ့ ဝမ်ကျုံးမင်းခေတ်မှာ မိန်းမစိုးတွေဟာ မင်းကြီးထက်ပိုပြီး အာဏာကုန်ရထားကြပါတယ် အဲ့လို့ အာဏာလွှမ်းမိုးနေတာကို ကြည့်မနေနိုင်တဲ့ ဝမ်ကျုံးမင်းကြီးဟာ ဝန်ကြီးဝမ်ယန်နဲ့ ပူးပေါင်းပြီး မိန်းမစိုးခေါင်းဆောင် ချိုဇီလျန်ကို အကွက်ချဖို့စီစဉ်ပါတော့တယ် ဒါပေမဲ့ သူတို့ရဲ့ အကြံအစဉ်ဟာ အကြီးအကျယ်ရှုံးနိမ့်ပြီး ဝန်ကြီး ဝမ်ယန်တို့ အိမ်တော်တစ်ခုလုံးလည်း သေဒဏ်ချမှတ်ခံခဲ့ရပါတယ် ကံကောင်းထောက်မစွာ ဝမ်ယန်ရဲ့ မြေးအမွှာနှစ်ယောက်ကတော့ လွှတ်မြောက်သွားခဲ့ပါတယ် ဒါပေမဲ့လည်း ကံကြမ္မာကမျက်နှာသာမပေးဘဲ ညီအမနှစ်ယောက် ကွဲသွားရှာတော့တယ် သူတို့ညီအစ်မနှစ်ယောက်ထဲက အမကြီး ယွီပင်အာဟာ ဇီယီဌာနက မွေးစားခံခဲ့ရပြီး သွေးကြွေးပြန်ချေဖို့ ယန်ကျီလို့ နာမည်ပြောင်းကာ ချိုရှစ်လျန်ရဲ့ မွေးစားသမီးအဖြစ်ခံယူလိုက်ပါတယ် နောက် ခုနှစ်နှစ်ကြာပြီး မင်းကြီး လီယန် နန်းတတ်လာတဲ့အခါမှာတော့ လီယန်က ဇီယီဌာနကို သုံးပြီး ချိုရှစ်လျန်ကို ဆန့်ကျင်ဖို့ ကြံပါတော့တယ် အဲ့ဒီအချိန်မှာ အမွှာညီအမနှစ်ယောက် ရန်သူအဖြစ်နဲ့ ပြန်တွေ့ကြပြီး ဘယ်လိုကံကြမ္မာဆိုးတွေက သူတို့ညီအမနှစ်ယောက်ကြားကို ဝင်မွှေဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးနော်