-
Movie Name
-
Ready Or Knot (2021)
-
Year
-
2021
-
Generes
-
Romance
-
Code
-
CN0107
-
Type
-
Movie
-
Size
-
922 MB
-
Country
-
China
-
Description
-
ဒီနေ့တော့ ပေါ့ပေါ့ပါးပါးလေးနဲ့ဟာသနှောပြီးရိုက်ကူးထားတဲ့ ဟောင်ကောင်အချစ်ဇာတ်လမ်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။
ဂိုင်းနဲ့ဟိုရီက ချစ်သူသက်တမ်း၅နှစ်ရှိပြီဖြစ်တဲ့ လိုက်ဖက်ညီတဲ့ချစ်သူတွေပေါ့။ အများစုကတော့ အဲလောက်ချစ်သူသက်တမ်းရှိရင်လက်ထပ်လိုက်ကြပြီဆိုပေမဲ့ ဂိုင်းက မိန်းမယူရမှာသေမလိုကြောက်တဲ့သူမျိုးပါ။
အိမ်ထောင်သည်ဘဝရောက်သွားရင် ခြေချုပ်မိသွားမှာကြောက်ပြီး သူ့ချစ်သူဟိုရီက လက်ထပ်ဖို့စကားစတိုင်းလည်း စကားလမ်းကြောင်းလွှဲပြီးရှောင်ထွက်သွားနေကြပေါ့…
ဂိုင်းတစ်ယောက် အိမ်ထောင်သည်ဖြစ်ရမှာကြောက်ရတဲ့အဓိကအကြောင်းအရင်းကတော့ သူ့သူငယ်ချင်းကြီး ဂရေးဘဲကြောင့်ပါပဲ။
ဟိုရီရဲ့သူငယ်ချင်း ဂျင်နီရဲ့ယောကျာ်းဖြစ်တဲ့ ဂရေးဘဲက ကလေးနှစ်ယောက်အဖေ မယားကြောက်ပါ။ သူကမိန်းမကိုသာကြောက်တာ နောက်ကွယ်မှာဆိုရင်တော့ သေမလိုကမြင်းတတ်တဲ့သူပေါ့။ အဲလိုသူငယ်ချင်းကိုနေ့တိုင်းမြင်တွေ့နေရတဲ့ ဂိုင်းက မိန်းမယူဖို့ကြောက်တာ ဆန်းတော့မဆန်းပါဘူး။
အဲလိုကနေပြီးတော့ ဂိုင်းနဲ့သူ့သူငယ်ချင်းတွေကလည်း လက်မထပ်ဖြစ်အောင် အမျိုးစုံကြိုးပမ်းကြ၊ ဟိုရီ့သူငယ်ချင်းတွေကလည်း သူ့သူငယ်ချင်းယောကျာ်းရရေးအတွက် အားကြိုးမာန်တက်ကူညီပေးမှုတွေကြားမှာ၊ သူတို့စုံတွဲလေးဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှူခံစားပေးပါဦးနော်.