Movie Name
The Stairs (2021)
Year
2021
Generes
Horror, Sci-Fi
Code
EN0507
Type
Movie
Size
340 MB
Country
Hollywood
Description
The Stairs (2021) =================================== အဘိုး ဂျင် နဲ့ ၁၁ နှစ်အရွယ် သူ့ရဲ့မြေးလေး ဂျက်စီ တို့ တောအုပ်ထဲကို အမဲလိုက်ထွက်ပြီး ဇာတ်လမ်းကို စထားပါတယ် ၊ သူတို့မြေးအဘိုးဟာ သမင်တစ်ကောင်နောက်ကို ပြေးလိုက်နေတုန်း မြေးလေး ဂျက်စီ တစ်ယောက် တောကောင်လေးတွေကို အစာကျွေးရင်း အနောက်မှာ ကျန်နေခဲ့ပါတယ် ၊ သူဟာ တောကောင်လေးနောက်ကို ပြေးလိုက်ရင်း တောအုပ်ရဲ့ အလယ်မှာ လှေကားထစ်တစ်ခုကို တွေ့ခဲ့တာပေါ့ ၊ ကလေးတို့သဘာ၀ စူးစမ်းချင်တဲ့စိတ်နဲ့ လှေကားထစ်ဆီကို သွားတဲ့အခါမှာတော့…….. သူ့မြေးလေး ပါမလာမှန်း သတိထားမိတဲ့ အဘိုး ဂျင်က နောက်ပြန်လှည့်ပြီး ရှာရတော့တာပေါ့ ၊ အဲဒီမှာပဲ သူ့မြေးနောက်ကို လိုက်ရင်း လိုက်ရင်း လှေကားထစ်တွေ ရှိတဲ့ဆီကို ရောက်သွားပါတော့တယ် သူ့မြေးလေးရဲ့ အော်သံကို ကြားလိုက်ရပြီး သူ့မြေးလေးကို အထဲက လက်နှစ်ဖက်က လှေကားထစ်ထဲကို ဆွဲသွင်းလိုက်တဲ့အခါ………..… အဘိုး ဂျင် တစ်ယောက် သူ့ရဲ့ မြေးလေးကို ကယ်နိုင်ပါ့မလား ၊ သူကိုယ်တိုင်ရော အဲဒီတောအုပ်ကြီးထဲမှာ လုံခြုံနိုင်ပါ့မလား ၊ သူ့မြေးလေးကို ဆွဲသွင်းသွားတဲ့ လက်ပိုင်ရှင်ကရော ဘယ်အရာဖြစ်မလဲ ……….. တစ်ချက်ကလေးမှ မျက်စိမခွာနိုင်လောက်အောင် ဆွဲဆောင်နိုင်တာမို့ အိမ်မှာနေရင်း စိတ်အပန်းဖြေချင်သူတွေအတွက် ကြည့်ရှုသင့်ပါကြောင်း recommend ပေးလိုက်ပါတယ်နော်