Movie Name
Helmet (2021)
Year
2021
Generes
Comedy, Drama
Code
IND0131
Type
Movie
Size
979 MB
Country
Bollywood
Description
Helmet(2021)အညွှန်း ****************** MDb rating 7.5အထိရရှိထားတဲ့ Comedy Dramaအမျိုးအစား ဟင်ဒီအမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်တော့ ဟိုး ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရှေးကူးမားရဲ့ Padman ရုပ်ရှင်ကိုတောင် သတိရမိပါသေးတယ်။ အဲ့ဒီတုန်းကတော့ ရှေးရိုးစွဲတဲ့လူအများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ ခက်ခဲကြတဲ့အတွက် လစဉ်သုံးပစ္စည်းတွေကို ထွင်ပြီး သုံးစွဲစေခဲ့သူတစ်ယောက်အကြောင်းပေါ့။ ဒီကားထဲမှာကျတော့ အမျိုးသားတွေဘက်ကို လှည့်ထားတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ နေချင်လာတဲ့အခါ အခုလို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထောင်သည်ဆိုရင် သားဆက်ခြားဖို့ ၊ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ၊ အိမ်ထောင်မရှိတဲ့ လူပျိူလူလွတ်ဆိုရင် အတူနေအမျိုးသမီး ကိုယ်ဝန်ရပြီး နောက်ဆက်တွဲပြသနာတွေမဖြစ်ဖို့ ကွန်ဒုံးဆိုတဲ့ ပစ္စည်းလေးကို မရှိမဖြစ် သုံးရ ဆောင်ထားရမှာပါ။ ဒါပေမယ့် ရှေးရိုးစွဲသူတွေ အများကြီးရှိနေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံလေ… ကွန်ဒုံးဝယ်ရတာမျိုး ၊ ဆောင်ရတာမျိုးကို ရှက်စရာလုပ်ရပ်တစ်ခုလို သဘောထားပြီး မသတီတဲ့မျက်လုံးမျိုးနဲ့ ဝိုင်းကြည့်ကြမှာမလား… အိန္ဒိယနိုင်ငံတင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံအပါအဝင် အလားတူ အရှေ့တိုင်းနိုင်ငံအများစုမှာ ဒီကိစ္စက ရှက်စရာတစ်ခုလို ဖြစ်နေပါတယ်။ ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါမက အရွယ်ရောက်သူတိုင်း ဒီကားလေးကို ကြည့်စေချင်တယ်။ ကွန်ဒုံးပြဿနာကို ဇာတ်လမ်းကဦးတည်ထားပေမယ့် ရယ်စရာလေးတွေ ၊ အူမြူးစရာလေးတွေနဲ့ ပရိတ်သတ်ကို ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ တစ်ဖက်ကကြည့်တော့လည်း ပညာပေးကဏ္ဍပါ ထည့်ထားသေးတော့ ဒီရက်ပိုင်းထဲထွက်တဲ့ အိန္ဒိယရုပ်ရှင်တွေထဲမှာလည်း အတော်လေးကြည့်ပျော်တဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လပ်ကီးနဲ့ ရူပါလီဟာ ချစ်သူတွေဖြစ်ကြပေမဲ့ ရူပါလီ့အဖေဟာ လပ်ကီးကို သူ့သမီးနဲ့ သဘောမတူပါဘူး လပ်ကီးဟာ ရူပါလီကိုရဖို့ ပိုက်ဆံလိုနေတဲ့အတွက် သူငယ်ချင်း ဆူလ်တန်နဲ့ တိုင်ပင်ပြီး ကုန်တင်ကားတစ်စီးမှာပါလာတဲ့ ပစ္စည်းတွေကို လုဖို့ကြံပါတယ် ဒါပေမဲ့ သူတို့လုပြီးတဲ့နောက်မှာသိလိုက်ရတာက သူတို့လုခဲ့တာတွေဟာ ကွန်ဒုံးတွေဖြစ်နေတယ်ဆိုတာပါပဲ။ လပ်ကီးတစ်ယောက် ဒီကွန်ဒုံးတွေနဲ့ ဘာဆက်လုပ်မလဲ … ဘယ်လိုအလွဲတွေနဲ့ ကြုံကြရမလဲ … သူ့ချစ်သူ ရူပါလီနဲ့ရော ပေါင်းဖက်ခွင့်ရမှာလား ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ …. ဘာသာပြန်သူတွေကတော့ Myint Thuနဲ့ Thaik Sanပဲဖြစ်ပါတယ်။