Movie Name
Happier Than Ever A Love Letter To Los Angeles (2021)
Year
2021
Generes
Drama
Code
EN0511
Type
Movie
Size
1.07 GB
Country
Hollywood
Description
Happier Than Ever Concert Flim (2021) Alternative Pop Queen ​လေး Billie Eilish ရဲ့ Happier Than Ever Concert Flim ​လေးထွက်ရှိလို့လာပါပြီ။ Concert Flim အ​ကြောင်းမ​ပြောခင် Happier Than Ever Album ​လေးအ​ကြောင်း​ပြောချင်ပါတယ် ဒီ album ဟာ When We Fall Asleep Where Do We Go?? ​album ရဲ့​လောင်းရိပ်​အောက်က​နေ ခွဲထွက်ပြခဲ့တဲ့ Billie ရဲ့ masterpiece တစ်ခုပါ။ ​​အောင်မြင်မှုများစွာကိုလည်း သိမ်းပိုက်ထားခဲ့ပါပြီ။ Billie ​​လေးဟာ သူ့ကိုလူ​တွေက Bad Guys သီချင်းရဲ့ အဆို​​တော်မ​လေးလို့ မြင်​နေကြတာကို ​ပြောင်းလဲချင်​နေပါတယ်။ သူ့ကိုလူ​တွေ တပုံစံတည်းမြင်​နေတာ မနှစ်သက်ပါဘူး ​အောင်မြင်ကာစထက် ပိုသာလွန်​နေတဲ့ ပိုရင်ကျက်​နေတဲ့ Billie Eilish ကို ချပြချင်​နေခဲ့တာပါ။ အဲ့တာကိုလည်း Happier Than Ever Album နဲ့တကွလက်​တွေ့သက်​သေပြခဲ့ပါပြီ။ သိုသိုဝှက်ဝှက်​နေတတ်တဲ့ ​ထောပတ်သီး​လေးအတွက်​တော့ ဒီ Happier Than Ever ဟာ အရမ်း personal ဆန်ပါတယ်။ Billie အတွက်​တော့ လွတ်လပ်မှုဆိုတာ ​ရွှေထက်အဖိုးတန်​နေတာပါ။ အဲ့ဒီအတွက်​ကြောင့် သူ့ကိုယ်​ရေးကိုယ်တာ အချက်အလက်​တွေကို Public မှာ ဘယ်တုန်းကမှ မချပြခဲ့ပါဘူး။ ဒါ​ပေမဲ့ ​​ဒီ Album မှာ​တော့ အောင်မြင်ပြီး​နောက်ကြုံ​တွေ့ရတဲ့ ​အောင်မြင်မှုဒဏ်​တွေ၊လွတ်လပ်မှုဆုံးရှုံးမှု​ကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာ​တွေ၊ အချစ်​ရေးအရှုပ်​အ​ထွေး​တွေ စတဲ့ ကိုယ်​ရေးကိုယ်တာအချက်အလက်​တွေကို ဂီတအဖြစ် အနုစိတ်​ပြောင်းလဲပြီး ဖန်တီးခဲ့တာပါ။ သူ့အတွက်​​တော့ ဒါဟာ အရဲစွန့်မှုကြီးပါပဲ။ စာ​ရေးသူလည်း ဒီalbum ​လေးကို အရမ်းကြိုက်ပါတယ်။ Happier Than Ever Concert Film ကို ​လော့အိန်ဂျလိစ်ရဲ့ အခမ်းနားဆုံး​သော စတိတ်ကြီး​ပေါ်မှာရိုက်ကူးထားပြီး Billie ရဲ့ ​မှော်ဆန်တဲ့သီချင်း​လေး​တွေကို အိပ်မက်ဆန်တဲ့သီဆိုပုံ​​တွေနဲ့ ယှဥ်တွဲကြည့်ရှုရမှာမို့ လက်မလွှတ်သင့်​ကြောင်း သတိ​ပေးချင်ပါတယ်ဗျာ။ ဘာသာပြန်သူ​တွေက​တော့ Amelia,Jerrica, Thet Hnin Hsu တို့ပဲဖြစ်ကြပါတယ်