Movie Name
The Yearbook
Year
2021
Generes
Drama, Romance
Code
ST0341
Type
Series
Size
4.71 GB
Country
Thai
Description
The Yearbook (2021) Yearbook လို့ ခေါ်တဲ့ “တစ်နှစ်တာမှတ်စု” စာအုပ်ထဲက သူငယ်ချင်းတွေကို မှတ်မိကြပါရဲ့လား????? ဒီဇာတ်လမ်းကတော့ ဒီစာအုပ်လေးကို အခြေခံထားတဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းကာလများဆီကို ပြန်လည်ခေါ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။ “ရေးပေးပါ” ဆိုတဲ့ စာအုပ်ကို မှတ်မိကြပါသလား? ဒီကားကြည့်ရင်း အဲဒီစာအုပ်ပိုင်ဆိုင်ဖူးတဲ့လူတွေဆိုရင် တသသနဲ့ ဖြစ်နေမှာ အမှန်ပါပဲ။ ဒီဇာတ်လမ်းကတော့ ဖော့ဘ် နဲ့ နတ် ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အတူတူ ဖော်ဆောင်ကြရင်း ဖြစ်ပေါ်လာခဲ့ကြတဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ကံဆိုးတာကတော့ တစ်ယောက်သောသူက ကတိမတည်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကြောင့် သူတို့ကြားမှာ နာကျင်မှုသာ ကြွင်းကျန်ခဲ့ရပါတယ်။ နောက်ဆုံးမှာ သူတို့တွေ ကွဲကွာခဲ့ကြပြီး ၄ နှစ် အကြာမှာတော့ ….. အမှန်တရားတချို့နဲ့အတူ တစ်နှစ်တာမှတ်စု စာအုပ်ကနေ သူငယ်ချင်းတစ်ယောက်ကို ပြန်လည်ခေါ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ အဆုံးသတ်မှာ သူတို့ရဲ့ခင်မင်မှု တွေ ပြန်ရလာမလား? အိပ်မက်တွေ အကောင်အထည် ပေါ်လာကြမှာလား ဆိုတာကိုတော့ တစ်နှစ်တာမှတ်စု စာအုပ်ရဲ့ အမှတ်တရတွေနဲ့ အတူတူ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းကို August က ရေးထားတာ ဖြစ်ပါတယ်။ ဘာသာပြန်ကတော့ August နဲ့ HAW ပဲ ဖြစ်ပါတယ်။