-
Movie Name
-
ငန်းဖြူမလေးရဲ့ကျော့ကွင်း (Buang Hong) (2017)
-
Year
-
2017
-
Generes
-
Drama, Romance
-
Code
-
ST0342
-
Type
-
Series
-
Size
-
5.16 GB
-
Country
-
Thai
-
Description
-
🦢“ ငန်းဖြူမလေးရဲ့ကျော့ကွင်း " 🦢 Buang Hong 2017 ( အစမှအဆုံးထိ ) မြန်မာစာတန်းထိုး
Casts: ခွန်ရမစ်အဖြစ် Jamesjirayu
ဖင်းရဖတ်အဖြစ် Kimmy Kimberley
ဇာတ်လမ်းအကျဉ်း
**************************
ဖင်းရဖတ်လို့ခေါ်တဲ့ သူဌေးသမီး နာမည်ကြီးမော်ဒယ်မလေးတယောက်ကတော့ အစစအရာအရာ ပြီးပြည့်စုံနေခဲ့ပါတယ် နံမည်လည်းကြီးသလို မာနလဲရှိတဲ့သူတယောက်ပေါ့
ဒါပေမဲ့တစ်နေ့မှာတော့ သူမအဖေရဲ့လုပ်ငန်းတွေဒေဝါလီခံလိုက်ရပြီး ဖခင်ဖြစ်သူဆုံးပါးသွားတဲ့အခါမှာတော့ ဖင်းမှာဘာဆိုဘာမှမရှိတော့ဘူးဖြစ်သွားခဲ့ရပါတယ် ဖင်းမှာ ချမ်းသာတဲ့ ချစ်သူတယောက်ရှိပါတယ် သူ့ချစ်သူကလည်း ဖင်းမှာဘာမှမရှိတော့ ဖင်းကိုအဆက်သွယ်ဖြတ်သွားခဲ့ပါတယ် ဖင်းရဲ့မိထွေးဖြစ်သူ( အလှမယ်ဟောင်းတစ်ဦး ) ကတော့ ဖင်းအဖေနဲ့ လက်ထပ်ပြီး ၂နှစ်အကြာမှာဘဲ ကွာရှင်းခဲ့ပါတယ် ဖင်းအဖေကို လက်ထပ်ခဲ့တာကလည်း ပိုင်ဆိုင်မူတွေကြောင့်သာ လက်ထပ်ခဲ့တာပါ ဒါကြောင့် မိထွေးဖြစ်သူနဲ့ တွေ့တဲ့အခါတိုင်း ရန်သူတွေလို တိုက်ပွဲဝင်လေ့ရှိပါတယ် ဖင်းရဲ့ အလုပ်ကလည်း သူ့မိထွေးကယုတ်မာပြီး လိုက်ပိတ်ပင်ထားတာကြောင့် ဝင်ငွေမရှိဖြစ်ပြီး အဆင်မပြေဖြစ်သွားပါတယ်
ခွန်ရမစ်ဆိုတဲ့ ကောင်လေးကတော့ ရုပ်ရည်ချောမောလှပသလို အောင်မြင်တဲ့ဟိုတယ်ပိုင်ရှင်စီးပွါးရေးလုပ်ငန်းပိုင်ရှင်တယောက်ဖြစ်ပြီး ပျိူတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့
တစ်နေ့တော့ ဖင်းကိုလူတစ်ယောက်က ခွန်ရမစ်ဆိုတဲ့ အဆင့်မြင့်ဟိုတယ်ပိုင်ရှင်ဆီကနေ အရေးကြီးပစ္စည်းတစ်ခုခိုးယူဖို့ စေခိုင်းခဲ့ပါတယ်
ကမ်းလှမ်းမှုတန်ဖိုးကလည်းများတာရယ် ခွန်ရမစ်ဆိုတဲ့သူကလည်း လူရှုပ်လူပွေတစ်ယောက်လို့ကြားတာကြောင့် ကမ်းလှမ်းမှုကို ဖင်းလက်ခံလိုက်ပါတယ်
ခွန်ရမစ်ကလည်း စတွေ့ကတည်းက ဖင်းရဖတ်ကိုကြိုက်နေခဲ့တာဖြစ်လို့ ဖင်းရဖတ်ချဥ်းကပ်ရလွယ်သွားတာပေါ့
ချဥ်းကပ်နေရင်းနဲ့လည်း ဖင်းရဖတ်က ခွန်ရမစ်ကိုချစ်မိသွားတယ်
ခွန်ရမစ်ဆီကပစ္စည်းကို ခိုးလို့မအောင်မြင်တော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကတော့... ဇာတ်လမ်းလေးကြည့်လိုက်ကြရအောင်နော်