-
Movie Name
-
Fai Ruk Game Rhon (ပြင်းရှရှလောင်ကျွမ်းစေသောအချစ်ဂိမ်း)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0343
-
Type
-
Series
-
Size
-
15.7 GB
-
Country
-
Thai
-
Description
-
"ပြင်းရှရှလောင်ကျွမ်းစေသောအချစ်ဂိမ်း"
~ Main Casts ~
နွန်အဖြစ် Thanwa
ဖင်ရယာအဖြစ် Sammy Cowell
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
ဒေါက်တာနွန်က ဖင်ရယာရဲ့အဖေ ဖြစ်တဲ့ ခွန်ဒိတ် အတွင်းရေးမှူး ပရင်ဆူဒါရဲ့ အကြီးဆုံးသားနောက်ပြီး မိခင်ဖြစ်သူကို နားလည်သိတတ်ပြီး ရိုးကျိုးလိမ္မာတဲ့ သားတစ်ယောက်လည်းဖြစ်တယ် ....
ဖင်ရယာကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုအသိုင်း
အဝိုင်းကနေဆင်းသက်လာတဲ့သူတစ်ယောက်အမေသည်
သာ သူမဘဝ ညီမလေးသည်သာ သူမဘဝဟု ခံယူပြီး အသက်ရှင်သူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ် ....
တစ်နေ့တော့ ဒေါက်တာနွန် နဲ့ ဖင်ရယာတို့က စပိန်မှာ ကျောင်းတက်ရင်း အချင်းချင်း ခံစားချက်တွေရှိကာ ချစ်ကြိုမိသွားပါတော့တယ် ....
ဒါကြောင့်ဘယ်သူကိုမှအသိမပေးပဲစပိန်မှာတိတ်တဆိတ်
လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ် ....
အဲ့ဒီအချိန်မှာပဲ နွန်နဲ့ဖင်ရယာ့တို့ ဆက်ဆံရေးကို တစ်စစီဖြစ်သွားစေမယ့် အမှန်တရားတစ်ခု ပေါ်ပေါ်လာခဲ့ပါတော့တယ် ....
အဲ့ဒါကတော့ နွန်ရဲ့ညီဖြစ်သူမှာ ဖင်ရယာတို့နဲ့ မျိုးရိုးချင်းတူနေခဲ့ခြင်းပါ အဲ့ဒီလိုနဲ့ သံသယတွေကနေတဆင့် ဖင့်အဖေ နဲ့ နွန့်အမေတို့က ဖောက်ပြန်ပြီး နွန့်ညီလေးကို မွေးခဲ့တဲ့အချက်ကိုပါ သိသွားပါတော့တယ် ....
နောက်ပြီး ယောကျာ်းဖြစ်သူ အတွင်းရေးမှူးမနဲ့ဖောက်ပြန်နေတဲ့အကြောင်းကို ဖင့်အမေ ရုတ်တရက် ကြားသိသွားပါတော့လေတယ် ....
ကိုယ်ယုံကြည်ပြီး ချစ်ရတဲ့ယောက်ျားက နှစ်နဲ့ချီဖောက်ပြန်တာကို မသိဘဲပေါင်းရင်းကနေ သိလာတော့
ဖင့်အမေ ဖြစ်သူ မယားကြီးတစ်ယောက် ရူးမတက်ခံစားနေနေရတဲ့ကြားက ၏သမီးငယ်ဖြစ်တဲ့သူကပါ အိမ်ကထွက်ပြေးသွားတော့ လုံးဝ စိတ်မနှံ့တဲ့ အရူးတစ်ပိုင်းဖြစ်သွားခဲ့ပါတယ် ....
အမေဖြစ်သူက အရူးတစ်ပိုင်းဖြစ်သွားတော့ ဖင်က ကုမ္ပဏီကိုဝင်စီမံအုပ်ချုပ်ရပေမယ့် ကုမ္ပဏီက တစ်နေ့တစ်ခြားအရှုံးပေါ်လာပြီး အခက်ခဲတွေနဲ့ကြုံခဲ့ရပါတယ်
အမေရူးတာကတစ်ပိုင်း ညီမဖြစ်သူကအိမ်ကထွက်ပြေးတာကတစ်ပိုင်း ကုမ္ပဏီကအရှုးပေါ်တာကတစ်ကြောင်း ဖင့်ခင်ဗျာ တော်တော်လည်း ဒုက္ခခံစားခဲ့ရပါတော့တယ်
ပိုပြီးဒုက္ခခံစားရလေ အဖေရဲ့မယားငယ်သားဖြစ်တဲ့ ဒေါက်တာနွန်ကို ပိုပြီး အမုန်းပွားလာခဲ့ပါတော့တယ်
အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲ ဖင်ရယာတစ်ယောက် ဒေါက်တာနွန်ကို ချစ်နေဆဲဆိုပေမယ့်လည်း မုန်းတီးမှုက ပိုနေတော့ လည်း ဘယ်လိုတွေကလဲ့စားချေမလဲ ....
မိသားစုတွေကြားကပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရတဲ့ဖင်လေးက ဘယ်လောက်ထိသနားဖိုကောင်းမလဲဆိုတာ
ရင်နင့်အောင် ကြည့်ရှုရမှာပဲဖြစ်ပါတယ် ....