Movie Name
Only Yesterday (1991)
Year
1991
Generes
Animation, Romance
Code
AN0402
Type
Movie
Size
1 GB
Country
Hollywood
Description
Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။ Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။ သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က အကြောင်းတွေ ကိုပြန်တွေးမိရင်း အတိတ်နဲ့ ပစ္စုပ္ပန်ကို တွဲပြီးတော့ ဂျပန်အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)