-
Movie Name
-
ဘဝခြားကချစ်သံစဉ် (Pleng Ruk Kaam Pob)(2009)
-
Year
-
2009
-
Generes
-
Drama
-
Code
-
ST0345
-
Type
-
Series
-
Size
-
11 GB
-
Country
-
Thai
-
Description
-
ကဲ အရိုမင်းသားကြီးရဲ့ နောက်တစ်ကား ပန်ကိတ်လေးနဲ့နော်
"ဘ၀ခြားကချစ်သံစဉ်" 🎼❤️မြန်မာစာတန်းထိုး
အပိုင်း အစ/အဆံုးရပါပီ
Main Casts ~
New Wongsakorn
Pancake Khemanit
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
နုတ်ယုံးလို့ခေါ်တဲ့ မိန်းကလေးက ငယ်ငယ်လေးကတည်းက သူသီချင်းဆိုတာ ဝါသနာပါတဲ့သူပါ ။
သူ့အဖေဆုံးသွားတော့ သူ့အမေက နောက်ယောက်ကျားယူလိုက်ပါတယ် ။
ပထွေးဖြစ်သူက သီချင်းဆိုတာကို အရမ်းမုန်းတဲ့လူမို့
နုတ်ယုံး ကို သီချင်းလုံး၀ မဆိုခိုင်းပါဘူး ။
ဒါပေမယ့် နုတ်ယုံးက သူ့အဖေသွေးအပြည့်ပါတာမို့
သီချင်းကို ခိုးဆိုလေ့ရှိပါတယ် ။
သူ့ပထွေးသိသွားရင် အမြဲတမ်း အရိုက်ခံရပါတယ်
သူ့အဖေက စာမေးပွဲဖြေလို့မှ အဆင့် ၂ မရရင်လည်းရိုက်ပါတယ် ။
သူက ပညာရေးမှာ သူ့အဖေဖြစ်စေချင်သလို မတော်ပါဘူး ။
တစ်နေ့ သူ့အဖေ သူ့ကို အခန်းသော့ခတ်ပြီး အပြစ်ပေးတော့ အမေဖြစ်သူက နုတ်ယုံးကို ဖျော်ဖြေရေးအဖွဲ့ထဲပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဒါကြောင့်သူ့သမီးကို ကယ်ထုတ်ပြီး ဖျော်ဖြေရေးအဖွဲ့ထဲ ထည့်လိုက်ပါတော့တယ် ။
နပ်တန်ဆိုတဲ့ လူက လူဆိုးတွေ သူ့နောက်ကို သေနတ်နဲ့လိုက်ပစ်တာခံရပြီး ဆိုင်ကယ်ကို သစ်ပင်နဲ့ ၀င်တိုက်မိပြီး သတိမေ့သွားပါတယ် ။
သူသတိမေ့နေအချိန်မှာ သူ့ဝိဉာဉ် ဘယ်ကိုသွားရမှန်းမသိ သူ့ကိုယ်သူ ဘယ်သူမှန်းလဲ မသိပဲ လျှောက်သွားနေပါတော့တယ် ။
နုတ်ယုံးနဲ့ တွေ့ပြီး သူနောက်လိုက်သွားပါတော့တယ် နေ့လည်ဆိုရင် နုတ်ယုံးက သူ့ကိုမမြင်ရပါဘူး ဒါပေမယ့် ညရောက်ရင် သူ့ကိုမြင်ရပါတယ် ။
နုတ်ယုံးတစ်ယောက် ဝိဉာဉ်တစ်ကောင်နဲ့ အဖော်ဖြစ်သွားပါတယ် ။
ဝိဉာဉ်လေးကလည်း နုတ်ယုံးတစ်ယောက် ၀မ်းနည်းတိုင်း အဖော်အမြဲလုပ်ပေးလေ့ ကူညီပေးလေ့ရှိပါတယ် ။
ဆိုတော့ နုတ်ယုံးနဲ့ ဝိဉာဉ်လေးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ ?
ဝိဉာဉ်လေးရော သူ့ခန္ဓာကိုယ်ထဲကို ပြန်၀င်နိုင်မှာလား ?
နုတ်ယုံးတစ်ယောက် သူဖြစ်ချင်တဲ့ အဆိုတော်ဖြစ်ဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ?
ဖျော်ဖြေရေးအဖွဲ့မှာရော ဘယ်လိုရုန်းကန်ပြီး ဝါသနာကို အကောင်ထည်ဖော်သွားမလဲဆိုတာကို " ဘ၀ခြားက
ချစ်သံစဉ်" ဆိုတဲ့ ဇာတ်လမ်းမှာစောင့်လိုက်ရအောင်