-
Movie Name
-
Sampatan Haujai (နှလုံးသားရှိရာကျွန်း )(2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
ST0346
-
Type
-
Series
-
Size
-
18.6 GB
-
Country
-
Thai
-
Description
-
ခင်ဗျားတို့ရဲ့ ဦးကား Up 👇👇👇
🇹🇭🌹🌹🌹 နှလုံးသားရှိရာကျွန်း 🌹🌹🌹🇹🇭
မြန်မာစာတန်းထိုး အပိုင်း(၁ မှ ၁၆) စ/ဆုံးရပြီ 👇👇👇
~ Main Casts ~
နာဘွန် အဖြစ် Weir Sukollawat
ရတ်တဝမ် အဖြစ် Thisa Varitthisa
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
နာဘွန်လို့အမည်ရတဲ့ ငှက်သိုက်ကျွန်းပိုင်ရှင်တစ်ဦးက ငှက်သိုက်သွားပို့ရင်း လမ်းမှာလုယက်ခံလိုက်ရပြီး
ငှက်သိုက်တွေဆုံးရှုံးသွားခဲ့ပါတယ် ....
အဲ့ဒီအချိန်မှာ စီးပွားရေးစာချုပ်လက်မှတ်ထိုးဖို့သွားတဲ့ သူဌေးမရတ်တဝမ်ဟာ သူ့ရဲ့သားလေးနဲ့အတူကျွန်းတစ်ကျွန်းဆီကို ဖမ်းခေါ်သွားခံလိုက်ရပါတယ် ....
လူဆိုးတွေကရတ်တဝမ်ကိုအဓမ္မကျင့်ပြီးသတ်ဖို့ကြိုးစား
ခဲ့သော်လည်း ကံကောင်းစွာနဲ့ ကျွန်းပိုင်ရှင်နာဘွန်က ရတ်တဝမ်တို့သားအမိကို ကယ်တင်နိုင်ခဲ့ပါတယ် ....
ဒါပေမယ့်လည်း နာဘွန်နဲ့ရတ်တဝမ်တိုဟာ အချင်းချင်း
မယုံကြည်ကြတဲ့အတွက် ရတ်တဝမ်ကသူ့အကြောင်းကိုလိမ်ပြောခဲ့ပါတယ် ....
နာဘွန်ကလည်းရတ်တဝမ်ကို သံသယရှိတဲ့အတွက်ကြောင့်ကျွန်းကနေ ပြန်ပို့ဖိုငြင်းဆန်နေခဲ့ပါတယ် အချိန်တွေကြာလာတော့လည်း အချင်းချင်းယုံကြည်မှုတွေရှိလာပြီး ရတ်တဝမ်ဟာသူ့ရဲ့အကြောင်းအမှန်ကိုပြောပြခဲ့ပါတယ် ....
နာဘွန်ကရတ်တဝမ်အပေါ် ခံစားချက်တွေရှိလာသော်
လည်း ရတ်တဝမ်မှာ ခင်ပွန်းရှိနေသေးတဲ့အတွက် ခံစား
ချက်တွေထိန်းချုပ်ခဲ့ရပါတယ် ....
ရတ်တဝမ်ကသူ့ကိုသတ်ဖို့ကြိုးစားတဲ့သူက သူ့ရဲ့ခင်ပွန်းဟုတ်မဟုတ်ကိုအဖြေရှာဖို ဘန်ကောက်ကိုပြန်လာခဲ့ပါတယ် ....
နာဘွန်ကလည်းရတ်တဝမ်တိုသားအမိကို ကာကွယ်စောင့်ရှောက်ပေးမယ်လို ကတိပေးခဲ့ပါတယ် ....
ရတ်တဝမ်ကိုသတ်ဖို့ ကြိုးစားတဲ့သူက သူရဲ့ခင်ပွန်းကိုယ်တိုင်လား ? ဒါမှမဟုတ်တစ်ခြားသူလား ?
ရတ်တဝမ်နဲ့သူ့ရဲ့ယောကျာ်း တွေ့တဲ့အခါမှာဘယ်လို
တွေဆက်ဖြစ်လာမလဲ ?
ပိုင်ရှင်ရှိနေတဲ့မိန်းကလေးကိုမှ ချစ်မိတဲ့နာဘွန်နဲ့ ရတ်တဝမ်တိုကြားက ခံစားချက်တွေကကောဘယ်လိုဆက်ဖြစ်သွားလဲ ?
ရတ်တဝမ်ကသူ့ရဲ့ယောကျ်ားအပေါ် ခံစားချက်ရှိနေသေးတယ်ဆိုရင်ကော နာဘွန်တစ်ယောက်ဘယ်လိုလုပ်မလဲ ?
ရုတ်တရက်ကြီးနာဘွန်ရဲ့ဇနီးဆိုပြီးပေါ်လာတဲ့နတ်ဆိုတဲ့ မိန်းကလေးနဲ့ကော ဘယ်လိုတွေပတ်သတ်ခဲ့လဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ ....
အဝေးကနေသာချစ်ရတဲ့နာဘွန်ရဲ့ ရတ်တဝမ်အပေါ်ဂရုစိုက် ကာကွယ်ပုံလေးတွေ ချစ်တတ်ပုံလေးတွေကို
စောင်ကိုက်ရင်းကြည့်ရှုရမှာဖြစ်တဲ့အတွက် ရိုမန့်တစ်
ဆန်တဲ့ဇာတ်ကားကြိုက်သူတွေလုံးဝကိုကြည့်သင့်တဲ့ကားလေးတစ်ကား ဖြစ်ပါတယ် 💘