-
Movie Name
-
ခုံတန်းလေးပဲသိတဲ့လျှို့ဝှက်ချက် (Secret In The Lattice)(Our Secret)(2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
SC0339
-
Type
-
Series
-
Size
-
8.42 GB
-
Country
-
China
-
Description
-
Review
လူတိုင်း ဘဝမှာ တိတ်တခိုးသဘောကျခဲ့ရတဲ့ တစ်ယောက်တော့အနည်းဆုံး ရှိတတ်ကြပါတယ်
ဒါပေမဲ့ ကိုယ့် Crush ကလည်း ကိုယ့်အပေါ်ခံစားချက်ရှိနေတယ် ဆိုတဲ့ အခြေအနေကတော့ အင်မတန်ရှားပါးပါတယ်
ဒီလိုအခြအနေမျိုး ပိုင်ဆိုင်ထားရပါရဲ့နဲ့ သူသဘောကျနေတဲ့လူရှိမှာပါ လို့ တစ်ဖက်သက်တွေးပြီး တပ်ဆုပ်ခဲ့ကြတဲ့ အချစ်ရှုံးသမားတွေရှိသလို လက်ရှိအခြေအနေလေးကို တန်ဖိုးထားလွန်ပြီး မပျက်ဆီးစေလိုချင်လို့ တိတ် တခိုးဘဝက မတက်ကြတဲ့ အချစ်သူရဲကောင်းတွေလည်း ရှိပါတယ်
ဒီတခါမှာတော့ မင်မင်က စည်ကားသလိုတိတ်ဆိတ်နေလေ့ရှိပြန်တဲ့ စာသင်းခန်းတွေ စိမ်းဆိုနေတဲ့ ကျောင်းဝန်း အမြဲလိုလိုဆူညံနေတဲ့ ကစားကွင်းနဲ့ စာအုတ်ကာပြီး ခိုးကြည့်ခဲ့ရတဲ့ အတိတ်က အချစ်ဦးဆီ ပြန်ပြီးရောက်ရှိသွားသလိုခံစားစေနိုင်တဲ့ ကျောင်းသားလူငယ် အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
မာနကြီးပြီး ထောင်လွှားတတ်တဲ့ Math ပါရမီရှင်လေးကျိုးစီးယွဲ့ ခေါင်းမာပြီးချစ်စရာကောင်းတဲ့ စင်ဒရဲလားလေး တင်းရှန်း
တစ်ယောက်နဲ့တစ်ယောက် ကြည့်မရကြသော်လည်း တစ်ခုံတည်းတူတူထိုင်းပြီး စာသင်ဖို့ အကြောင်းဖန်လာသောအခါ..
အစပိုင်းမှာ အဆင်မပြေကြသော်လည်း တစ်ရက်ပြီးတစ်ရက် အတူတူနီးကပ်စွာ နေထိုင်ကြရင်း တစ်ယောက်အားသာချက်ကို တစ်ယောက်သိရှိသွားကြပြီး တဲ့နောက်မှာတော့ အရင်နှီးဆုံးသူငယ်ချင်းတွေဖြစ်လာကြပါတယ် ရင်းနှီးမှုရဲ့နောက်ကွယ်မှာ တိတ်တခိုးခံစားချက်တွေ အမြစ်တွယ်နေကြတဲ့သူတို့နှစ်ဦး
ကျိုးစီးယွဲ့ နဲ့ တင်းရှန်းရဲ့ အထက်တန်းကျောင်းမှ စတင်ပြီး Uni ထိကြာရှည်တည်တဲ့နေတဲ့ အချစ်ကို ချိုမြိန်စွာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်
သူတို့ခံစားချက်တွေကို ထုတ်ဖော်ပြီး သူငယ်ချင်းအဆင့်ကနေတက်မလား ဒါမှမဟုတ် ရင်နာစရာလေးနဲ့ အဆုံးသတ်သွားမလားဆိုတာ .....