Movie Name
The Voyeurs (2021)
Year
2021
Generes
Thriller
Code
EN0522
Type
Movie
Size
845 MB
Country
Hollywood
Description
ဇာတ်ကားနာမည်က The Voyeursပါ။ မြန်မာလိုဆိုရင်တော့ သူတစ်ပါး၏လိင်ကိစ္စကိုတိတ်တခိုးကြည့်ရှုရာ၌နှစ်ခြိုက်မွေ့လျော်သူများပေါ့။ ဇာတ်လမ်းကျောရိုးကိုတော့ မကြာ‌သေးခင်ကမှအိမ်ပြောင်းလာတဲ့ လူငယ်စုံတွဲနှစ်ယောက် သောမတ်စ်နဲ့ ပစ်ပါအပေါ်မှာအခြေတည်ထားပါတယ်။ သူတို့နှစ်ယောက်က မွန်ထရီရယ်မှာရှိတဲ့တိုက်ခန်းလေးကိုပြောင်းလာလာချင်းညမှာပဲ သူတို့နဲ့မျက်နှာချင်းဆိုင်တိုက်က စုံတွဲနှစ်ယောက်ကဲနေကြတာကို တွေ့လိုက်ရပါတယ်။ အစပိုင်းတော့သူများရဲ့privacyမို့မကြည့်တာကောင်းမယ်ဆိုပြီးထိန်းကြပါတယ်။ လူ့စိတ်ဆိုတာမျိုးကလည်းမှန်းရခက်သားဆိုတော့ သူတို့တောင်ပြသေးတာပဲ ငါတို့လည်းကြည့်တယ်ကွာဆိုပြီး အဲဒီစုံတွဲက မှန်ဘီလူးနဲ့ပါချောင်းကြည့်ကြပါတော့တယ်။ စပ်စုချင်စိတ်တစ်ခုနဲ့အစပြုပြီး နောက်ပိုင်းတဖြည်းဖြည်းစွဲလမ်းလာကြတဲ့အခါ ၊ မျက်နှာချင်းဆိုင်တိုက်ကလင်မယား တစ်ယောက်ကိုယ်တစ်ယောက်ဖောက်ပြန်နေတာတွေကိုပါမျက်မြင်တွေ့လိုက်ကြရတဲ့အခါ၊ ဒေါသတွေ လိုအင်ဆန္ဒတွေကဘယ်လောက်အထိလူတွေကိုပျက်စီးဆိုးရွားသွားစေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ Rating Rသတ်မှတ်ထားတဲ့ erotic thrillerကားမို့လို့ မိသားစုနဲ့အတူတူမကြည့်သင့်တဲ့အခန်းတွေ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါဝင်ကောင်းပါဝင်နိုင်ပါတယ်။