Movie Name
Roy Rak Hak Liam Tawan (နေရိပ်ဆောင်းတဲ့ လှပျိုဖြူ)
Year
2014
Generes
Action, Romance
Code
ST0347
Type
Series
Size
10.8 GB
Country
Thai
Description
Casts "တာကာရှီ" အဖြစ် Mario Maurer "ဆီကို"အဖြစ် Taew Natapohn Tameeruks "ရူ" အဖြစ် Nadech Kugimiya "အာအီကို" အဖြစ် Pat Napapa Thantrakul ဇာတ်လမ်းအကျဉ်း "ချစ်ခြင်းအစ မျက်စိက" ဆိုတဲ့ စကားပုံလေးကိုတော့ လူတိုင်းကြားဖူးကြမယ်ထင်ပါရဲ့ ဒါဆို အဲ့လိုမျိုးရော ချစ်မိသွားနိုင်လိုလားဆိုရင်တော့ ဒီဇာတ်လမ်းထဲက "တာကာရှီ"ဆိုတဲ့ကောင်လေးက ဖြေပေးပါလိမ့်မယ်နော် "တာကာရှီ" ဆိုတာကတော့ ဂျပန် ဆာမူရိုင်းခေါင်းဆောင် အိုမီဆူကာ မိသားစုရဲ့ အငယ်ဆုံးသားလေးပါ ရုပ်ရည်က မိန်းကလေးတိုင်းကြွေချင်စရာကောင်းတဲ့သူဖြစ်တဲ့အပြင် မိသားစုနောက်ခံကလည်း ပြောစရာမလိုအောင် အဖက်ဖက်ကပြည့်စုံတဲ့ကောင်လေးပေါ့နော် "ဆီကို"ဆိုတဲ့ မိန်းမချောလေးကတော့ စီးပွားရေးမေဂျာမာစတာဘွဲအတွက် စကောလားရှစ်နဲ့ ဂျပန်မှာ ပညာလာသင်တဲ့ ထိုင်းမလေးပါ အနေအေးပြီး ချစ်စရာကောင်းတဲ့ ကောင်းမလေးပဲဆိုပါတော့နော် သေချာပေါက် ကံကြမ္မာက ဖန်တီးပေးတဲ့အောင်သွယ်မှုပဲဆိုရမလား...? တစ်နေ့တော့ အခမ်းအနားပွဲတစ်ခုကိုသွားတဲ့လမ်းမှာ "တာကာရှီ"ကားနဲ့ "ဆီကို"ရဲ့ စက်ဘီး မတော်တဆတိုက်မိတဲ့အခါ.... ဆီကိုလေးနဲ့ ပထမဆုံးအကြိမ်မျက်လုံးချင်းဆုံမိချိန်မှာပဲ "တာကာရှီ"ဟာ ချစ်စရာကောင်းလွန်းတဲ့ထိုင်းမလေးကိုချစ်မိသွားပါတော့တယ် တက္ကသိုလ်မှာပါ "ဆီကို"ကို တဖန်ပြန်တွေ့ရချိန်မှာတော့ "တာကာရှီ"ဟာ သူမနောက်ကနေ အရိပ်လိုတိတ်တိတ်လေးလိုက်နေမိတော့တယ် အစ်ကိုဝမ်းကွဲဖြစ်သူ "ရူ"က သိပြီး ကူညီပေးတော့မှ "တာကာရှီ"တစ်ယောက် ဆီကိုလေးနဲ့ရင်းနှီးသွားရတော့တယ် အဲ့တော့ ဆီကို အပေါ်ထားရှိတဲ့အချစ်တွေကို "တာကာရှီ" ဝန်ခံလိုက်မှာလား ဒါပေမဲ့ "တာကာရှီ"မှာက သူတို့ မိသားစုနဲ့မဟာမိတ် အာဏာရှိမိသားစုတစ်ခုရဲ့သမီးဖြစ်သူ "အာအီကို"နဲ့ စေ့စပ်ပြီးသားပါ "အာအီကို"ဆိုတာကလည်း တာကာရှီကို သူ့အပိုင်လူလိုမှတ်ယူထားပြီး သူ့အနားကပ်သမျှမိန်းကလေးတိုင်းကို ဆိုးရွားစွာ ရန်ပြုတတ်သူ စရိုက်ဆိုးဆိုးသခင်မလေးတစ်ယောက်ပေါ့ အက်ဆီးဒင့်တစ်ခုကြောင့် ဖခင်ဖြစ်သူနဲ့အစ်ကိုဆုံးပါးသွားတော့ "တာကာရှီ"ဟာ ဆာမူရိုင်းခေါင်းဆောင်နေရာကို မဖြစ်မနေ တာဝန်ယူရဖို့ဖြစ်လာပါတယ် တစ်ဖက်မှာလည်း"တာကာရှီ" ချစ်မိနေတဲ့ မိန်းကလေး ဆီကို အပေါ် သူတိုမိသားစုရဲ့ပြိုင်ဘက်တွေက ဓားစာခံအဖြစ် ရန်ပြုလာတဲ့အခါ... သူ့ကြောင့် အန္တာရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့ ဆီကိုရဲ့ လုံခြုံရေးအတွက် "တာကာရှီ"တစ်ယောက် ဆီကိုကိုလက်ထပ်ယူလိုက်ပါတော့တယ် အမှန်တရားအတွက်အမြဲရပ်တည်တဲ့ အိုမီဆူကာမိသားစုအပေါ် ရန်ငြိုးအာဃာတထားပြီး မကျေနပ်တဲ့ ဒုစရိုက်သားကောင်တွေလက်ထဲကနေ သူချစ်ရတဲ့ ကောင်မလေး"ဆီကို"ကို "တာကာရှီ" ကာကွယ်နိုင်ပါ့မလား အခြေအနေ မိသားစု အသိုင်းအဝိုင်းချင်းခြားနားလွန်းတဲ့အပြင် လူမျိုးချင်းပါမတူတဲ့ "တာကာရှီ"ဆိုတဲ့ ဂျပန်ကောင်လေး နဲ့ ထိုင်းမလေး"ဆီကို"တိုရဲ့ ချစ်ခြင်းဟာ လက်တွေ့မှာဖြစ်လာနိုင်ပါ့မလားဆိုတာ.... Thai Drama Page မှာ စောင့်မျှော်အားပေးကြပါအုံးနော်