-
Movie Name
-
Moonlight Drawn By Clouds (2016)
-
Year
-
2016
-
Generes
-
Comedy, Drama, Historical, Romance
-
Code
-
SKR0188
-
Type
-
Series
-
Size
-
6 GB
-
Country
-
Korea
-
Description
-
K Drama ဖန်တွေအတွက် ကျွန်တော်တို့ Channel Myanmar ကနေ အခုတစ်လောနာမည်ကြီးနေတဲ့ Moonlight Drawn By Cloud လို့အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်လေးနဲ့စတင်မိတ်ဆက်ပေးလိုက်တယ်နော် အပတ်တိုင်းအပိုင်းသစ်၂ပိုင်းသာထွက်ရှိပြီး အခုလောလောဆယ်မှာလည်း ကိုရီးယားမှာ ပြသနေဆဲ ဇာတ်လမ်းတွဲသာဖြစ်ပါတယ်..ဒါကြောင့်မို့.အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်နော်.. ဇာတ်လမ်းအညွှန်းလေးမပြောခင်မှာ..သိသင့်သိထိုက်တာလေးတွေကိုအရင်ပြောပါရစေ ဒီဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ Park Bo-Gum နဲ့ Kim You-Jung တို့ကသရုပ်ဆောင် ထားကြပါတယ်..ဒီဇာတ်လမ်းကို Yoon Yi-Soo ရေးသားခဲ့တဲ့ ” Gooreumi Geurin Dalbit ” ဝတ္တုကိုရိုက် ကူးတင်ဆက်ထားပါတယ် အပိုင်း ၁၈ ထွက်မှာဖြစ်ပြီး ရိုက်ကူးသူဒါရိုက်တာကတော့ Kim Sung-Yoon ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟွန်ဆန်နွန် ဟာ ယောက်ကျားလေးတစ်ယောက်အဖြစ်အယောင်ဆောင်ထားတဲ့ မိန်းကလေးအောင်သွယ်တော်တစ်ဦးပါ..သူဟာ အချစ်စာတွေရေးရေးပြီးပို့ပေးပါတယ်.. တစ်နေ့မှာလူတစ်ယောက်အကူအညီတောင်းလို့မိန်းကလေးတစ်ယောက် ဆီကို အချစ်စာတွေရေးပို့ပေးတဲ့အခါမှာ အဲ့စာတွေဟာ မိန်းကလေးရဲ့အစ်ကိုဆီကို ရောက်သွားပါတယ်..အဲ့မိန်းကလေးကတော့ မင်းသမီးဖြစ်ပြီး မိန်းကလေးရဲ့ အကိုကတော့ အိမ်ရှေ့စံပါအိမ်ရှေ့စံလီယောင်းဟာ သူ့ညီမ ကိုယ်စားပြန်ချိန်းလိုက်ပြီး သွားတွေ့တဲ့အခါမှာတော့ ဟိုဘက်က အချစ်စာရေးခိုင်းတဲ့လူကလည်း မင်းသမီးမှန်းသိလို့ မတွေ့ရဲပဲ ဆန်နွန်ကိုသာ အစားထိုးလွှတ်လိုက်ပါတယ်… အိမ်ရှေ့စံနဲ့ဆန်နွန်တို့ တွေ့ကြပြီး တဲ့နောက် အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီးဆန်နွန် ဟာ ထွက်ပြေးခဲ့ပါတယ်.နောက် ဆန်နွန်တစ်ယောက် အဖမ်းခံရ မိန်းမစိုးတစ်ယောက်အဖြစ်ရောင်းစားခံရပြီး နန်းတွင်းကိုရောက်လာတဲ့အခါ အိမ်ရှေ့စံနဲ့ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုကြပါ