Movie Name
Prisoners Of The Ghostland (2021)
Year
2021
Generes
Action, Horror, Thriller
Code
EN0532
Type
Movie
Size
1.03 GB
Country
Hollywood
Description
Prisoners of the Ghostland (2021) ========================= IMDb Rating – 5.7/10 မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားက​တော့ လူကြမ်းကြီးနဲ့ မင်းသမီး​​လေး နှစ်ပါးသွားကြမယ့်ဇာတ်ကား​ပါ။ ဇာတ်လမ်းအညွန်းက​တော့ ဂျပန်ဆာမူရိုင်း​တွေချည်းပဲ နေထိုင်တဲ့မြို့​လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Hero တစ်​ယောက် ဓါးပြသွားတိုက်ရာ အတိုက်မ​တော် ​တစ်ကျွန်းဆိုသလို ​ထောင်နန်းစံမြန်းလိုက်ရပါတယ်၊ ဖြစ်ချင်​တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ ​မြေးမ​လေးဖြစ်သူ​ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့​ခေါ်တဲ့ ဖုန်းဆိုး​မြေတစ်ခုမှာ ​ပျောက်​ချင်းမလှ ​ပျောက်ဆုံးသွားပါတယ်၊ မြေးမ​လေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့​ထောင်ဒဏ်နဲ့ အ​ပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်​ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်​ပျောက်ရှာသလို လိုက်ရှာဖို့ မြို့အကြီးအကဲ​ပေးလိုက်တဲ့အချိန်က “​၅ရက်”ထဲပါ။ ဘားနစ်ကို ဓါးပြကြီးHeroတစ်​ယောက် ​ဘေးမသီရန်မခပဲ ပြန်​​ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မ​ခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊ ဘားနစ်​ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လို​နေရာမျိုးလဲ၊ ဘယ်သူ​တွေကျက်စား​နေကြတဲ့​နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်​တွေရှိ​ နေလဲဆိုတာကို Nicolas Cage ဇာတ်ကား​တွေရဲ့ထုံးစံအတိုင်း အရွန်း​ဖောက်ထားတဲ့ ဟာသ​တွေ၊ အ​ပြောအဆိုခပ်ကြမ်းကြမ်း၊ အလန်းစားအက်ရှင်​တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ကြည့်​ပျော်တဲ့Actionကား​ကောင်းတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)