Movie Name
Love Under The Full Moon (လမင်းဖန်ဆင်းသောချစ်ခြင်း) (2021)
Year
2021
Generes
Drama, Romance
Code
SC0342
Type
Series
Size
9.27 GB
Country
China
Description
ဇာတ်လမ်းအညွှန်း🌹🌹____ လပြည့်ကြောင့် လိန်ချူးရှဟာသူမဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုမေ့သွားပြီး ရွှီရှောင်တုံးရဲ့ဖုန်းထဲကိုရောက်သွားခဲ့ပါတယ် အဲဒါကြောင့်ပဲ မျက်လှည့်ဆန်တဲ့ခရီးတစ်ခုဖြစ်လာပါတယ် ၂၀၁၀ခုနှစ်ရဲ့လပြည့်ညမှာ အသက်၁၅နှစ်အရွယ်ရွှီရှောင်တုံးဟာ သူ့အဖေကိုနောက်ဆုံးတစ်ကြိမ်တွေ့ရဖို့မျှော်လင့်ချက်နဲ့ ဆေးရုံမှာထိန်းချုပ်လို့မရတဲ့အပြုအမူကိုလုပ်ခဲ့ပါတယ် အဲဒီအချိန်မှာပဲ အသက်၂၃နှစ်အရွယ် လိန်ချူးရှဟာ သူမရဲ့ခင်ပွန်းလောင်းကိုပုန်းဖို့ကြိုးစားနေခဲ့ပါတယ် သူတို့၂ယောက်ဟာကန့်လန့်ဖြတ်တဲ့လမ်းမပေါ်မှာအချင်းချင်းတိုက်မိခဲ့ကြပါတယ် လိန်ချူးရှကတော့ သူမရဲ့ခင်ပွန်းလောင်းကသူမအနောက်ကိုလိုက်နေတာဖြစ်လို့တောင်ပေါ်ကိုဦးတည်ပြီးပြေးသွားခဲ့ပါတယ် ၂၀၂၀ခုနှစ်ရဲ့လရောင်အောက်မှာ ငယ်ရွယ်တဲ့မိန်းကလေးငယ်တစ်ဦးဟာကောင်းကင်ပေါ်ကပြုတ်ကျခဲ့ပါတယ် ရွှီရှောင်တုံးနဲ့မတော်တဆနမ်းမိပြီး ရွှီရှောင်တုံးရဲ့ဖုန်းထဲမှာနေခဲ့ရပါတယ် ရွှီရှောင်တုံးကသူမကိုထုတ်ပေးဖို့ကြိုးစားခဲ့ပေမယ့် ချူးရှကတော့ သူမဟာရွှီရှောင်တုံးရှိနေတဲ့နယ်မြေ၀န်းကျင်မှာပဲနေလို့ရတယ်ဆိုတာကို ဝမ်းနည်းစွာသိရှိခဲ့ပါတယ် ဒုက္ခရောက်နေတဲ့ကုမ္ပဏီကိုကယ်တင်ဖို့ ရွှီရှောင်တုံးဟာ လိန်ချူးရှရဲ့ဘ၀အမှန်ကိုပြန်ရဖို့အတွက်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် ချူးရှရဲ့ခင်ပွန်းလောင်းဖြစ်သူ ဝေ့ရွှမ်းဟော်နဲ့တွေ့ဆုံခဲ့ရတယ် နောက်ပိုင်းမှာတော့ချူးရှဟာသူ့ဘ၀အမှန်ကိုသူပြန်ရသွားမလား သူ့ဘ၀အမှန်ကိုပြန်ရခဲ့ရင်ကော ကမ္ဘာခြားနေတဲ့ရွှီရှောင်တုံးနဲ့ချစ်ကြိုးချင်းသွယ်နိုင်ပါမလားဆိုတာ ဇာတ်လမ်းလာမှပဲကြည့်ရှူလိုက်ကြရအောင်နော် အပိုင်း၂၄ပိုင်းပါဝင်ထားပြီးiQIYIကေနQ3မှာပြသတော့မှာပါ modernကားကိုမှတမူထူးခြားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ modern romanceကြိုက်တတ်တဲ့ပရိသတ်များကြိုက်နှစ်သက်ကြမှာပါ