Movie Name
C O R N A Field Of Screams (2021)
Year
2021
Generes
Horror, Thriller
Code
EN0537
Type
Movie
Size
832 MB
Country
Hollywood
Description
အသစ်ထွက်လာတဲ့ Field of Screams တစ်ကားတင်ဆက်လိုက်ပါတယ်။ Horror/Thriller လူသတ်ကားတွေထဲမှာ Field of Screams ဇာတ်ကားတွေကလဲ နာမည်ကြီးပါတယ်။ Horror ဆိုရင် ကြမ်းကြမ်းရမ်းရမ်းသွေးထွက်သံယိုမှ ကြိုက်တတ်တဲ့သူတွေရှိသလို အသည်းတယားယားအူယားယားနဲ့တောက်လျှောက်ကြည့်ရမယ့်ကားမျိုးကိုမှအကြိုက်တွေ့တတ်တဲ့သူဆိုပြီးရှိတတ်ကြပါတယ်။ ဒီဇာတ်ကား‌‌လေးကဒုတိယအမျိုးအစားဗျ။ ဒီတိုင်းကြီးလျှောက်ပြီးဘာအကြောင်းအရင်းမှမရှိ သတ်ပဲသတ်နေတာမျိုးမဟုတ်ဘဲ တစ်မြို့လုံးကလူတွေကို‌ဖယောင်းရုပ်ပြောင်းပစ်လိုက်တဲ့ horror ကားလို အသည်းတယားယားအူတယားယားဇာတ်ကွက်မျိုးဗျ။ ဘာအမျိုးအစားပဲဖြစ်ဖြစ်တောက်လျှောက်မနားတမ်းသည်းထိတ်ရင်ဖိုကြည့်ရမှာကတော့အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်‌ဆိုရင် တီရာနဲ့ကယ်ရီတို့မောင်နှမနှစ်ယောက် သူတို့ရဲ့ပထွေးဖြစ်သူနဲ့အတူခရီးတစ်ခုကို ကားနဲ့အတူထွက်လာကြတယ်ပေါ့။ ဟိုဖက်ပြောင်းခင်း ဒီဖက်ပြောင်းခင်း ဘယ်နေရာကြည့်ကြည့်ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ ပြောင်းခင်းတွေချည်းပဲမြင်နေရတဲ့နေရာမှာကားက ဘီးပေါက်ပါလေရော။ အပိုဘီးကလည်းခရီးမစခင်တုန်းကမလိုလောက်ဘူးထင်လို့မစစ်ထားတဲ့အခါ သုံးမရဖြစ်သွားတဲ့အတွက် သူတို့ရဲ့ပထွေးဖြစ်သူက အကူအညီလိုက်ပတ်ရှာရတယ်ပေါ့၊ အဲနားကလယ်သမားတွေဆီမှာလည်းမရတဲ့အခါ နောက်တစ်မြို့ကိုသွားဖို့ပြင်ပြီး သူတို့မောင်နှမနှစ်ယောက်တည်းကို ကားထဲမှာညအိပ်ခိုင်းလိုက်တည်းက အချိန်တည်းကစပြီး ဇာတ်ရှိန်ဘယ်လိုတက်လာမယ်၊ ဘယ်လိုသည်းထိတ်ရင်ဖိုဖို့ကောင်းပြီး ဘယ်လောက်အသည်းတယားယားအူတယားယားကြည့်ရမယ်ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။