Movie Name
LUCIFER (S1 To S6) (2016 - 2021)
Year
2016
Generes
Crime, Fantasy, Sci-Fi
Code
SE0062
Type
Series
Size
29.2 GB
Country
Hollywood
Description
DC comic ကို အခြေခံထားပြီး လက်ရှိမှာတော့ Imdb 8.7 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဖန်ဆင်းရှင် God ရဲ့ ကောင်းကင်တမာန် စေတန် သို့မဟုတ် The Devil သို့မဟုတ် လူစီဖာ လို့ သိကြတဲ့ ငရဲမင်းကြီးဟာ ငရဲပြည်ကို ပျင်းရိလာပြီး လော့စ်အိန်ဂျလိ ကို ခရီးထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ မိတ်ဆွေဟောင်း မိန်းကလေးအသတ်ခံရပြီး လူသတ်တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီအမှုကို သူကူညီပေးမိတဲ့ စုံထောက်မလေးဟာ ထူးဆန်းစွာပဲ သူ့ရဲ့အစွမ်းတွေကို ခံနိုင်ရည်ရှိနေတဲ့အတွက် စိတ်ဝင်စားမိပြီး…………. ဒီဇာတ်လမ်းတွဲကို ကြိုက်ရတဲ့အကြောင်းတွေက အတော်များပါတယ်။ ပထမဆုံးအနေနဲ့တော့ အမြဲတမ်း ကြောက်စရာဇာတ်ကောင်ဖြစ်နေခဲ့တဲ့ လူစီဖာ ကို ဇာတ်လိုက်အနေနဲ့ တွေ့ရမှာကိုက စိတ်လှုပ်ရှားစရာပါ။ ဒုတိယကတော့ ဒီဇာတ်လမ်းတွဲ အပိုင်း ၁ မှာ ဘာမှ ထူးခြားတဲ့စွမ်းအင် ကြီးမားတဲ့ရန်သူကို မတွေ့ရပါဘူး။ ကျတော့် အကြိုက်ဆုံး စူပါနေထရယ်စီးရီးလိုပဲ တဖြည်းဖြည်း ဆွဲခေါ်လာလိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ထင်ရှားတဲ့ အစွမ်းဆိုတာ လူတွေကို မကောင်းမှုတွေ တပ်မက်မှုတွေကို ဝန်ခံချင်လာစေတာပဲဖြစ်ပြီး စိတ်ကို မဖတ်နိုင် မထိန်းချုပ်နိုင်တာက စိတ်ဝင်စားစရာကောင်းနေစေပါတယ်။ နောက်အစွမ်းတစ်ခုကတော့ အမျိုးသမီးအားလုံးရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်မှုပါပဲ( အဲ့အစွမ်းအကြိုက်ဆုံး ငိငိ)။ ဒါ့အပြင် သူ့ရဲ့ထီမထင်တဲ့ စိတ်ဓာတ်နဲ့ စရိုက်က ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံလောက်ကို ရယ်နေရအောင် ပြသနိုင်တာပါပဲ။