Movie Name
Move To Heaven (2021)
Year
2021
Generes
Drama
Code
SKR0496
Type
Series
Size
7.91 GB
Country
Korea
Description
Move to Heaven ( 무브 투 헤븐: 나는 유품정리사입니다) Geu-Roo (Tang Joon Sang) ဟာ Asperger syndrome ကိုခံစားနေရတဲ့ လူငယ်လေးပါ။ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်းမလုပ်တတ်တာ၊ စိတ်အားငယ်တာ၊တစ်ခုခုကို ထပ်တလဲလဲလုပ်တာ စတဲ့လက္ခဏာတွေကို ခံစားရတတ်တဲ့သူပါ။ ဖခင်ရဲ့အလုပ်ဖြစ်တဲ့ “Move To Heaven” ဆိုတဲ့လုပ်ငန်းလေးကို ကူညီလုပ်ကိုင်ပါတယ်။ သူတို့ရဲ့အလုပ်က သေဆုံးသွားတဲ့သူတွေ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီး စီစဉ်ပေးရတာပါ။ တစ်နေ့မှာတော့ Geu-Roo ရဲ့အဖေဖြစ်သူဆုံးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ Geu-Roo ရှေ့မှာ ဦးလေးဖြစ်သူ Sang-Koo (Lee Je-Hoon) ပေါ်လာပါတော့တယ်။ San-Koo က တိုက်ခိုက်ရေးသမားဖြစ်ပြီး ထောင်ကျတဲ့အထိ ပြဿနာရှာခဲ့သူပါ။ ထောင်ကနေ ထွက်လာပြီးနောက် Geu-Roo ရဲ့ အုပ်ထိန်းသူအဖြစ် “Move To Heaven” ကို နှစ်ယောက်သား ဆက်လက်လုပ်ကိုင်ရပါတော့တယ်။ စရိုက်မတူတဲ့ တူဝရီးနှစ်ယောက် ဘဝကြီးကို ဘယ်လိုရှေ့ဆက်မလဲ။ သေဆုံးသူတွေရဲ့နောက်ဆုံးခရီးမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့အတူ သေဆုံးသူတိုင်းရဲ့ ဘဝဇာတ်လမ်းတွေကို ဘယ်လိုနားထောင်ပေးကြမလဲ။ သံယောဇဉ်၊ မေတ္တာနဲ့ မိသားစုဘဝတွေ၊ လူ့ဘဝတွေကို လှလှပပရိုက်ကူးထားတာဖြစ်လို့ Drama ပရိတ်သက်ကြီးအတွက် လက်လွတ်မခံသင့်တဲ့ ကားကောင်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်ရှူအားပေးကြပါဦး။