-
Movie Name
-
Mad For Each Other (2021)
-
Year
-
2021
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0499
-
Type
-
Series
-
Size
-
6.37 GB
-
Country
-
Korea
-
Description
-
Mad for Each Other 2021(이 구역의 미친X)
ဒီတစ်ခေါက်တစ်ဆက်ပေးမဲ့ကားလေးကတော့ kakao tvနဲ့ netflixတို့ကပြသပေးမဲ့ အချစ်ဟာသ ဇာတ်မြူးကားလေးဖြစ်ပါတယ်
Noh hwi ohက ဂန်းနမ်ရဲစခန်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က စုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူ့ကိုယ်သူ အရာရာအဆင်ပြေနေတဲ့ ဘဝကိုရထားတယ်လို့ တွေးထားခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်း အဖြစ်အပျက်တစ်ခုကြောင့် ဒေါသမထိန်းနိုင်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
Lee min kyungကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ လှပပြီး လူများလေးစားရတဲ့ အလုပ်တစ်ခုနဲ့ သာမာန်ဘဝကိုဖြတ်သန်းနေသူဖြစ်ခဲ့ပေမဲ့ တစ်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကြောင့် သူမဘဝဟာပျက်စီးပြီး အရာရာပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ထိုအဖြစ်အပျက်ကြောင့် သူမဟာ ဘယ်သူ့ကိုမှမယုံကြည်တော့ပဲ လူတိုင်းအပေါ် ဒေါသနဲ့ဆက်ဆံတတ်သူဖြစ်လာခဲ့ပါတယ်။
ဘယ်လိုအကြောင်းကြောင့် သူတို့နှစ်ယောက်ဘဝတွေပြောင်းလဲခဲ့ရတာလဲ။ဒေါသကြီးသူနှစ်ယောက်ဘယ်လိုတွေ့ဆုံကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးခံစားကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့များတွင်ပြသမှာ ဖြစ်တဲ့အတွက် GC Teamနဲ့အတူ ဒီweb dramaလေးကို အတူတူခံစားကြည့်ရှုရအောင်။