Movie Name
Into The Night (2020) (S1,S2)
Year
2020
Generes
Action, Drama, Sci-Fi
Code
SE0013
Type
Series
Size
3.79 GB
Country
Hollywood
Description
နက်ဖလစ်ရဲ့ စီးရီးအသစ်လေး တစ်ခု တင်ပေးထားပါပြီ။ ဒီကားကတော့ Survival အမျိုးအစားပါပဲ။ ကပ်ဘေးတစ်ခုကနေ အသက်ရှင်အောင် ကြိုးစားရတာမျိုးပေါ့။ ကပ်ဘေးကတော့ နည်းနည်းဆန်းပါတယ်။ တစ်ကမ္ဘာလုံးက လူတွေအားလုံး နေရောင်နဲ့ ထိတာနဲ့ သေဆုံးကုန်ပါတယ်။ အိမ်တွေထဲမှာနေတာတောင် မရပါဘူး။ ဒီတော့ အဲဒီကပ်ဘေးစတင်ချိန်မှာ ကမ္ဘာကြီးရဲ့ နေမထွက်သေးတဲ့နိုင်ငံကလူတွေလည်း အသည်းအသန် ထွက်ပြေးဖို့ ပုန်းခိုဖို့တွေလုပ်ပြီး ကမ္ဘာပျက်ကိန်းကြီး စလာပါတော့တယ်။ ဒီထဲက အဓိက ဇာတ်ကောင်တွေကတော့ လေယာဉ်တစ်စီးထဲ စီးမိတဲ့ သူတွေဖြစ်ပြီး ကမ္ဘာက နေကိုပတ်နေတဲ့လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို တစ်ဆင့်ပြီးတစ်ဆင့် ပတ်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ ဇာတ်လမ်းနာမည် ဖြစ်တဲ့ Into the night ဆိုတာ ဒါပါပဲ။ ညဆီကို တိုးမဝင်နိုင်ဘဲ ကျန်ခဲ့တဲ့ လူအားလုံး သေရပါလိမ့်မယ်။ ဒီကပ်ဆိုးကနေ ဘယ်လိုအလွတ်ရုန်းကြပြီးဘယ်လို အဖြေရှာကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ ၆ ပိုင်းပဲ ရှိတာမို့ ဆက်တိုက်စဆုံး တင်ပေးသွားပါ့မယ်။