Movie Name
Best Sellers (2021)
Year
2021
Generes
Comedy, Drama
Code
EN0546
Type
Movie
Size
1 GB
Country
Hollywood
Description
Best Sellers (2021) ============== IMDb Rating – 6.1/10 ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေက လူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကို ကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့ စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင် …. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ… စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။ သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ် တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)