Movie Name
Dug Days (2021)
Year
2021
Generes
Animation
Code
AN0406
Type
Movie
Size
583 MB
Country
Hollywood
Description
IMDb Rating (8.4) Up 2009 ကာတွန်းဇာတ်ကားထဲက အဘိုးကြီး Carl ရဲ့ ငယ်ချစ် Ellie အပေါ်ထားတဲ့ချစ်မေတ္တာဟာ ခုထိပြောစမှတ်ပြုစရာပဲမလား Carl အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ed Asner ကတော့ 29-8-2021 လွန်ခဲ့တဲ့လကပဲ ဆုံးသွားခဲ့ပြီ.. သူဆုံးသွားပေမယ့် သူ့ဇာတ်ကောင်ရဲ့မေတ္တာတွေက Movie ချစ်သူတွေကြား ထာဝရ ရှင်သန်နေမှာပါ… ဒီစီးရီးလေးမှာ Carl တစ်ယောက် ရေတံခွန်ကခေါ်လာတဲ့ခွေးလေး dug နဲ့အတူ အိမ်အသစ်လေးမှာ ဖြတ်သန်းနေတဲ့ ဘဝနေဝင်ချိန်လေးတွေကို တွေ့ရမှာပါ ဘယ်လောက်ကြာကြာ ချစ်ဇနီး ellie ကို မေ့မရခဲ့တဲ့ Carl အတွက် စကားပြောတတ်တဲ့ ခွေးလေး Carl ဟာ ဘဝအဖော်မွန်ပါပဲ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတာ Disney ထုံးစံအတိုင်းပါးပါးလေး ပြပေးဦးမှာပါ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သစ္စာရှိပုံတွေ ပတ်ဝန်းကျင်က တိရိစ္ဆာန်လေးတွေကို ကြင်နာသနားသင့်တာတွေ သံယောဇဉ် မေတ္တာတရားကို တိုတိုနဲ့ ထိထိမိမိဖော်ပြထားတဲ့ ဒီစီးရီးဟာ ခံစားတတ်သူတွေ အတွက် မျက်ရည်ဝဲ‌လောက်စရာဇာတ်ဝင်ခန်းတွေ.. ကြောင်နဲ့ကြွက်ကားထဲကလို ခွေးလေး Dug ရဲ့ အလွဲတွေနဲ့အတူ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်… မင်းမရှိတော့ရင်တောင် မင်းကိုလွမ်းရင်း မင်းချစ်တတ်တဲ့တိရစ္ဆာန်လေးတွေနဲ့ပဲ လက်ကျန်ဘဝကို ဖြတ်သန်းဖြစ်မှာပါ ညီမလေး……။