Movie Name
Life Of Brian (1979)
Year
1979
Generes
Comedy
Code
EN0556
Type
Movie
Size
937 MB
Country
Hollywood
Description
IMDb Rating (8.1) / Rotten Tomatoes (95%) ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ… တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ… ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် … ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီး ထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် .. ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီး အဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်… အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ … သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ.. ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲ့မျိုးပါ .. ၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက် အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။