Movie Name
Ankahi Kahaniya (2021)
Year
2021
Generes
Drama, Romance
Code
IND0148
Type
Movie
Size
881 MB
Country
Bollywood
Description
Ankahi Kahaniya (2021) ဒီဇာတ်လမ်းလေးကတော့ တစ်မူထူးခြားပါတယ် ဘယ်လိုထူးခြားတာလဲဆိုရင်တော့ ဇာတ်လမ်းတစ်ပုဒ်ထဲကိုမှ ဇာတ်အိမ်သုံးမျိုးခွဲပြီး ဒါရိုက်တာ သုံးယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ် မြည်းစမ်းကြည့်လိုက်ကြတာပေါ့ နယ်မြို့လေးကနေ တစ်ကိုယ်ထဲ တက်လာပြီး မွန်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်…. မြို့ကြီးပြကြီးမှာ တစ်ဦးထဲနေတာ ကြာလာတဲ့ သူ့အဖို့ အရာရာဟာ အထီးကျန်ဆန်စရာကောင်းလာခဲ့ပါတယ် အထီးကျန်စရာကောင်းတဲ့ လူတွေအဖို့တော့ သူတို့နားမှာ အမြဲတစေရှိနေတဲ့ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် အားကိုးတကြီးဖက်တွယ်သွားတယ်ကြတာ သဘာဝပဲ မဟုတ်လား ဒီလိုပါပဲ အနှီကောင်လေးကလည်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုကို အချစ်တစ်ခုလို စွဲလမ်းမိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ….??? အိမ်ရဲ့အပယ်ခံလေးဖြစ်နေခဲ့ပြီး အခြားလူငယ်တွေလို ကျောင်းတက်ခွင့်မရ အိမ်မှာပဲအလုပ်လုပ်ရင်း ထိန်းချုပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကရော…. တစ်နေ့ ရုပ်ရှင်ရုံမှာအလုပ်လုပ်တဲ့ ကောင်လေးကိုတွေ့ရင်း မြင်မြင်ချင်း ချစ်မိသွားတဲ့အခါ အရာအားလုံးကို စွန့်လွှတ်ပြီး အချစ်ကိုယုံစားကာ နှစ်ယောက်အတူ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ် ဒါပေမဲ့ သူ ယုံစားခဲ့ရတဲ့ချစ်သူကောင်လေးကရော သူနဲ့ထပ်တူ သူ့အပေါ် ကို သစ္စာ စောင့်သိသွားမှာလား ဒါမှမဟုတ် အပယ်ခံကောင်မလေးရဲ့ အချစ်ခံချင်တဲ့စိတ်ကို အသုံးချသွားမှာလား…?? အိမ်ထောင်ရေးဘဝကို အများစိတ်ကူးပုံဖော်ထားသလိုမျိုး အိမ်ကြီးအိမ်ကောင်းမှာ ကြွယ်ဝချမ်းသာခင်ပွန်းနဲ့အတူ ဖြတ်သန်းခွင့်ရလို့ ပျော်ရွှင်နေခဲ့ပြီး အိမ်ထောင်ရှင်မကောင်း ဖြစ်အောင်ကြိုးစားနေတဲ့ အမျိုးသမီးတစ်ဦး… ၁၁ နှစ်ကြာ အိမ်ထောင်ရေးသက်တမ်းပြည့်မှ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေမှန်းသိလိုက်ရတဲ့အခါ ကွာရှင်းဖို့ကြိုးစားတာထက် ယောကျ်ားဖြစ်သူ ဖောက်ပြန်ရတဲ့နောက်ကွယ်က အကြောင်းကို လိုက်စုံစမ်းတဲ့သူမ ဖောက်ပြန်မှုရဲ့ အဓိကလက်သည်ကို ရှာတွေ့နိုင်မှာလား..?? သူရဲ့ခင်ပွန်းနဲ့ရော ပြန်လည်ပေါင်းထုပ်ဦးမှာလားဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ချစ်ခြင်းမေတ္တာ ဝေးကွာခြင်း သက်ဆုံးတိုင် လက်တွဲခြင်း စတဲ့ ခံစားချက်သုံးမျိုးကို ဒါရိုက်တာသုံးယောက်က ဇာတ်အိမ်ကိုယ်စီနဲ့ ဖန်တီးသရုပ်ဖော်ထားတာဆိုတော့ မတူညီတဲ့ ရသသုံးမျိုးကို ခံစားရမှာ အသေအချာပဲ ဖြစ်ပါတယ်