-
Movie Name
-
Ugly Beauty (ရင်ခွင်ထက်ကအရိပ်ကလေး) (2021)
-
Year
-
2021
-
Generes
-
Romance, Thriller
-
Code
-
SC0350
-
Type
-
Series
-
Size
-
8.46 GB
-
Country
-
China
-
Description
-
UglyBeauty (2021)ရင်ခွင်ထက်ကအရိပ်ကလေး
1-24complete
အမွှာမမ၂ယောက်နဲ့တိုင်ပတ်တော့မဲ့အဆင်လေး...ဘယ်မမကသူ့အချစ်စစ်ဖြစ်မလဲနော်😝အဆင်လေးပုံစံဖျက်ပီး လျှို့ဝှက်ထားတဲ့ကိစ္စတွေကကောဘာတွေလဲ..
အလင်းတန်လေးဆိုတာ ဘဝရဲ့အားအင်တစ်ခု ဖြစ်လာနိုင်သလို
တစ်ခါလေတလေကြရင် အဲဒီအလင်းတန်းကနေဖြစ်လာတဲ့ အမှောင်ထုကြီးကြောင့်ပဲ ဘယ်တော့မှ မတောက်ပနိုင်တဲ့ အရိပ်တစ်ခု သဖွယ်ရှိနေရတတ်တယ်
"မုံ့ကွေး"နဲ့ "ရှောင်းမု"တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမ ချစ်ခင်ကြတဲ့ အမွှာညီအစ်မနှစ်ယောက်ပါ
နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ အကြီးမ "မုံ့ကွေး"ဟာ ငယ်ငယ်ကတည်းက ထက်မြက်ပြီး "ရှောင်းမု"ကို အမြဲကာကွယ်ပေးခဲ့တယ်
အကြောင်းရင်းတစ်ခုကြောင့် "မုံ့ကွေး" က "ရှောင်းမု" ကို
သူ့နေရာမှာ ခဏတာဟန်ဆောင်ပေးဖို့ အကူညီတောင်းခဲ့တယ်
အနုပညာလောကမှာ "ရှောင်းမု" တစ်ယောက် သူမရဲ့မန်နေဂျာအသစ်ကလေး "ချန်မော့" နဲ့အတူ အခက်ခဲတွေကျော်ဖြတ်ရင်း နှလုံးသားချင်းထပ်တူကြလာခဲ့တယ်
ငွေကြေးအခက်အခဲကြောင့် သရုပ်ဆောင်တွေရဲ့ နောက်ကြောင်းနဲ့ မကောင်းသတင်းတွေကို မဖြစ်မနေရှာဖွေရောင်းချရဖို့ "ချန်မော့" တစ်ယောက် အကြောင်းဖန်လာတော့တယ်
ဒီလိုနဲ့ နာမည်ကြီးမင်းသမီး "မုံ့ကွေး" ရဲ့ နောက်ကြောင်းကိုလိုက်ဖို့ သူမရဲ့မန်နေဂျာနေရာကို လျောက်ထားပြီး တိတ်တဆိတ် သတင်းယူဖို့ချဉ်းကပ်ခဲ့တာပေါ့.....
"မုံ့ကွေး" ရဲ့ အရိပ်အဖြစ်အမြဲနေလာခဲ့တဲ့ "ရှောင်းမု" လေးက ကိုယ်တိုင်တောက်ပပြီး ရုန်းထွက်နိုင်မှာလား....
ချစ်ရသူ "ချန်မော့"က သူ့ကိုရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တာကိုရော ဘယ်လိုဖြေရှင်းကြမလဲ.....
"မုံ့ကွေး" ပြန်ရောက်လာတဲ့အခါမှာရော "ရှောင်းမု" တစ်ယောက် သူ့ချစ်သူကိုဆုံးရှုံးရတော့မှာလား.....
အရမ်းတွေသိချင်နေပြီဆိုရင် ကြည့်ရှုလိုက်ပါ 🤗
ဒါနဲ့ ဒီကားလေးက အရိုလေးပါနော်🤧😁