Movie Name
Sex Education (S1+S2+S3) (2018-2021)
Year
2018
Generes
Comedy, Drama
Code
SE0094
Type
Series
Size
13.1 GB
Country
Hollywood
Description
အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲ ဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့ လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ် ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာ ဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူး အဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်း အခုထိရှိပါသေးတယ် သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲ ပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ် ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ် ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူး သူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ် မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီး အဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ် ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်း ဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ် အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ် ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ် မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ် အဲ့တာကတော့SEX EDUCATIONပါပဲ ဘာသာပြန်တွေကတော့ Shwe Yee Oo,Wai Zin,Linn Kyaw Swar Aung,Hein Thet Naingတို့ပဲဖြစ်ပါတယ်