-
Movie Name
-
The Good Doctor (S1 To S5)
-
Year
-
2017
-
Generes
-
Drama
-
Code
-
SE0088
-
Type
-
Series
-
Size
-
25.7 GB
-
Country
-
Hollywood
-
Description
-
The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို
ပြန်လည်ရိုက်ကူးထားတာပါ။
ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့်
ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။
ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။
အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။
ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့
ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။
သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ
အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။
သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က
အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ
တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။
သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက်
ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို
ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။
House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့
လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။
ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘ
ာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။
Medical Field က လူတွေအတွက်လည်း မူလစကားလုံးတွေ
မဖျက်ဘဲထည့်ပေးထားပါတယ်။
မြည်းစမ်းကြည့်ကြပါ။