Movie Name
Silver Skates (2020)
Year
2020
Generes
Drama, Family
Code
EN0563
Type
Movie
Size
1.35 GB
Country
Hollywood
Description
Silver Skates (2020) =============== IMDb Rating – 7.1/10 အချိန်ကတော့ ၁၉ရာစုအကုန် ၂၀ရာစုအစ ရုရှားအင်ပါယာကြီးရဲ့မြိုတော် စိန့်ပီတာဘတ်လမ်းတွေမှာ ရေခဲပြင်အတိဖုံးပြီး နှင်းဖွေးဖွေးလှုပ်နေတဲ့ ဆောင်းရာသီတစ်နေ့ပါ။ ရေခဲပြင်ပွဲဈေးတွေနဲ့ စည်ကားနေတဲ့ လူအုပ်ကြီးကြားမှာ မတ်ဗေးတစ်ယောက်လည်း သူ့စကိတ်လေးတစ်ရံနဲ့ ပိုင်းမုန့်အမီပို့ဖို့ကို ခပ်သွက်သွက်လှုပ်ရှားနေရပါတယ်။ ကံဆိုးချင်တော့ လမ်းခုလတ်မှာ လူကြီးလမ်းကြောင်းရှိလို လမ်းပိတ်ထားတာနဲ့တိုးပြီး အချိန်မီမုန့်မပိုနိုင်ခဲ့တဲ့အတွက် သူ့ခမျာ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်။ မတ်ဗေးရဲ့အလုပ်နဲ့ရင်းပြီး ဖြတ်သွားခွင့်ပေးလိုက်ရတဲ့ အရာရှိမြင်းလှည်းကြီးဦးတည်သွားရာ စံအိမ်ကြီးမှာတော့ အလီဆာဆိုတဲ့ မိန်းမပျိုလေးတစ်ဦးနေပါတယ်။ အလီဆာဆိုတာကတော့ သိပ္ပံပညာကိုအင်မတန်စိတ်ဝင်စားတဲ့ အထက်တန်းစားမိန်းမပျိုလေးတစ်ဦးပါ။ ဒါပေမယ့် အဲဒီ ၁၉ရာစုခေတ်တွေမှာ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပိုင်နိုင်ရမယ်၊ ဗိုင်းကောင်းကျောက်ပိနေရမယ်၊ ပညာတတ်စရာမလိုဘူးလို့ ခံယူထားကြလေတော့ အလီဆာ့ခမျာ ဖခင်ဖြစ်သူရှေ့မှာ ပညာရေးအကြောင်းမဟရဲဘဲ ဝါသနာပါရာကို ပုန်းလျှိးကွယ်လျှိးလုပ်ရရှာပါတယ်။ ဒီလောက်ဆို ပရိသတ်ကြီးရိပ်မိလောက်ပါပြီ ဟုတ်ပါတယ်။ ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်းကို inspire ယူပြီးရိုက်ကူးထားတဲ့ အထက်တန်းစား သူဌေးသမီးအချောအလှလေးနဲ့ အနုတ်စုတ်ဂုတ်တုတ်ဆင်းရဲသား ကောင်လေးတိုရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဪ ဇာတ်ကားနာမည် Silver Skates ဆိုတာကတော့ ဇာတ်လိုက်ကျော်မတ်ဗေးတစ်ယောက် အသက်‌မွေးဝမ်းကျောင်းပြုနိုင်အောင် ကူညီပေးနေတဲ့ စကိတ်ဖိနပ်လေးတစ်စုံပါ။ သူ့ဘဝကို အလှည့်အပြောင်းတွေဖြစ်စေခဲ့တဲ့ စကိတ်ဖိနပ်‌လေးဆိုလည်းမမှားပါဘူး။ ဒီကားလေးဟာ Romance storyline ကို လှလှပပဖော်ပြသွားတဲ့အပြင် အဲဒီခေတ်က ရုရှားအင်ပါယာရဲ့အာဏာရှင်စနစ်တွေ လူတန်းစား ခွဲခြားမှုတွေကိုပါ ရိုက်ကူးပြသွားတာပါ။ Cinematography ကလည်းတော်တော်လေးကိုလှပါတယ် အကြိုက်တွေ့ကြမယ်ထင်ပါတယ်။