Movie Name
Secret Magic Control Agency (2021)
Year
2021
Generes
Animation, Comedy
Code
AN0408
Type
Movie
Size
758 MB
Country
Hollywood
Description
Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဂရင်းညီနောင် ပုံပြင်များထဲက ဟန်ဆယ်နဲ့ ဂရေတယ်ကို မသိတဲ့သူတော့ မရှိသလောက်ပါပဲ။ ဒါကတော့ သူတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းအစမှာ​တော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်​နေတဲ့ အစားအသောက်တွေပြန်​ပေးဆွဲတာ ခံလိုက်ရပါတယ် အကယ်၍ ဘုရင်ပြန်​ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး က​မောက်ကမ ဖြစ်ကုန်မှာပါ ဒါ​ကြောင့် ဒီကိစ္စကို ​ဖြေရှင်းဖို့ SMCA ကို တာဝန်​ပေးလိုက်ပါ​တော့တယ် ​အထူး​အေးဂျင့် ဂ​ရေတယ်နဲ့ သူ့အစ်ကို လူလိမ် ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်။ SMCA ရဲ့ ​ခေါင်း​ဆောင်က ပြန်​ပေးသမားကို ဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်​ယောက်ကို တာဝန်​ပေးလိုက်ပါ​တော့တယ် စုံစမ်း​နေရင်း ဟန်ဆယ်ရဲ့ အမှား​ကြောင့် သူတို့နှစ်​ယောက်လုံး က​လေး​ပေါက်စ​လေး​တွေ ပြန်ဖြစ်သွားကြပါတယ် က​လေး​လေး​တွေ အဖြစ်နဲ့ ပဲ ပြန်​ပေးသမားကို လိုက်ရှာရင်း အလွဲ​လေး​တွေနဲ့ စွန့်စားခန်း ဖွင့်ကြပါ​တော့တယ် သူတို့​တွေ ဘုရင်ကြီးကို ရှာ​တွေ့ပါ့မလား ဘယ်လိုအခက်အခဲ​တွေနဲ့ရင်ဆိုင်ရမလဲ သူတို့နှစ်​ယောက်က ပြန်​ရော တည့်သွားကြမှာလားဆ်ုတာကို စွန့်စားခန်း ဆန်ဆန် ကြည့်ရှုကြရမှာပါ ဇာတ်လမ်း​လေးထဲမှာ မိသားစုက ဘယ်​လောက်ထိ အ​ရေးကြီးတဲ့ အ​ကြောင်းကိုလည်း သိကြရမှာပါ