-
Movie Name
-
Before Midnight [2013]
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
EN0566
-
Type
-
Movie
-
Size
-
858 MB
-
Country
-
Hollywood
-
Description
-
ကိုး နှစ်လောက်ကြာပြြးတော့ Before Midnight ကိုတင်ဆက်အေးလိုက်ပါပြြ
Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ် … ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ … ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ် … သူတို့နှစ်ဦးရဲ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ် … ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ် … ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလိုက်တယ် … စောစောက လင်မယား ဘာကိစ္စနဲ့ စကားတွေများနေကြတာလဲ ဆိုပြီး …
အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ် … နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ် … အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ် … ဒါပေမဲ့ သူတို့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို့နှစ်ယောက် စတွေ့ခဲ့ကြတယ်ဆိုတာကိုပဲ …
ကျွန်တော်တို့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိတယ် … ရေစက်တဲ့ … လူသားနှစ်ဦးဟာ ရေစက်ရှိလို့ကံကြမ္မာက တမင်ဖန်တီးပေးတာလား ? ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား?
Before Trilogy လို့ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ့ Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ့အတွေးက ဒါပါပဲ … ဘဝရဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ့မယ် … ပြီးတော့ ထိုလူသားကို ပြန်တွေ့အောင် သင်ဟာ နည်းမျိုးစုံနဲ့တမင်ဖန်တီးနေခဲ့မိမယ် … ဒါတွေရဲ့ မြစ်ဖျားခံရာက အချစ
သူ့နာမည်က James … ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ့ကို Jesse လို့ပဲခေါ်ကြတယ်တဲ့ … ဒီတော့ ကျွန်တော်တို့လည်း သူ့ကို ရင်းနှီးတယ်လို့ခံစားရအောင် Jesse လို့ပဲ ခေါ်ကြတာပေါ့ … သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဥရောပကို ရောက်လာတယ် … ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ့ပဲ အမေရိကားကို ပြန်ဖို့ထွက်လာခဲ့တယ် … Vienna မြို့ကနေ လေယာဉ်နဲ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ် … ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ် … သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ် … ဒါကြောင့် အရဲစွန့်ပြီး Vienna မြို့ပေါ်ကို သူနဲ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ် … အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့တစ်ချိ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ် … ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို့ပဲ မြင်တယ် …
လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လို့ခင်ဗျားတို့ထင်ကြသလဲ ? ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို့မြင်တယ် … လောကမှာ ကိုယ်နဲ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး … Director Richard Linklater ဟာ လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ် … ဒါကြောင့် သူရေးဖွဲ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ် … Celine လည်း မငြင်းဆန်ခဲ့ဘူး … ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ် …
သူတို့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး … ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ် … သူတို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ် … ဘဝအကြောင်းတွေပါတယ် … ခံယူချက်တွေပါတယ် … အတွေးအခေါ်တွေပါတယ် … နိုင်ငံရေးအကြောင်းအရာတွေပါတယ် … ဘာသာရေးတွေပါတယ် … မျက်စိရှေ့မှာ မြင်တွေ့နေတဲ့ မြင်ကွင်းတွေပါတယ် … အချစ်ရေးတွေပါတယ် … သူတို့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ် … Vienna မြို့လေးပါ်က အုတ်လမ်းလေးတွေပေါ်က သူတို့နှစ်ယောက်ရဲ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ … ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ့ပိုနက်လာတယ် … တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ့ခဲ့တယ် … တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ့တွေ့တယ် … ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ် … သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး … လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ် … ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ့နွဲ့ရေးသားမယ် … ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို့ဘဝတွေမှာ တစ်ခုခုနဲ့ဆက်နွယ်တယ်လို့ခံစားရမှ သူ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး … သူက Jesse နဲ့Celine ကို ဖွဲ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ် …