Movie Name
Two Spirits Love (မင်းအတွက် ရှင်သန်နေမဲ့နှလုံးသား)
Year
2015
Generes
Drama, Romance
Code
ST0036
Type
Series
Size
14.4 GB
Country
Thai
Description
မင်းအတွက် ရှင်သန်နေမယ့် နှလုံးသား 💗ဇာတ်လမ်းလေးကတော့ 2015 တုန်းက Ch3 Thailand မှာ ထုတ်​လွင့်ခဲ့ပြသခဲ့ပြီး Rating 8.3 ရရှိခဲ့တဲ့ Mario နဲ့ Mint တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ " မင်းအတွက် ရှင်သန်နေမယ့် နှလုံးသား " ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်။ 💗Main cast တွေ အနေနဲ့ ထန်နထုန်း အဖြစ် Mario Maurer ကဲဝ်လင်း / ကဲယောက် အဖြစ် Mint Chalida 💗 ဇာတ်လမ်း အကျဥ်း 💗 - ထန်နထုန်း ပရိဘောဂ လုပ်ငန်းပိုင်ရှင် တစ်ဦးဟာ အေးဆေး တည်ငြိမ်ပြီးတော့ မာနကြီးတဲ့သူ တစ်ဦးပါ -သူက မိန်းကလေး တစ်ယောက် အ​ကြောင်းကို နှစ်ပေါင်းများစွာ အိမ်မက်မက်နေတဲ့တာပါ -အဲ့ဒီ မိန်းကလေးကတော့ ကဲဝ်လင်း ပါပဲ - ကဲဝ်လင်းဟာ သူ့အစ်ကို သူငယ်ချင်းတွေနဲ့ အတူ ပရဟိတ လုပ်ကိုင်နေသူ တစ်ဦးပါ - ထန်နထုန်း ဟာ ကဲဝ်လင်းကို ပထမဆုံး မြင်တဲ့ အချိန်မှာ သူ့နှလုံးသားထဲ အလင်းတန်း တစ်ခု ဖြတ်သွားသလို ခံစားခဲ့ရပါတယ် - တစ်ည မှာ ထန်နထုန်း ဟာ မတော်တဆ ဖြစ်ပြီး လက်မောင်းမှာ ဒဏ်ရာ ရသွားခဲ့ပါတယ် - သူဟာ ရှုပ်ထွေး ဆန်းကြယ်စွာဘဲ သူ့ကိုယ်သူ မက်စ်ဆိုတဲ့ လူတစ်​ယောက် ပုံစံ ပြောင်းသွားပါတယ် - ပြီးတော့ ကဲဝ်လင်းကိုလည်း ကဲယောက်ဆိုပြီး ခေါ်ပါတော့တယ် - မက်စ်ဟာ ကဲဝ်လင်းကို ရှေးခေတ်က သူ့ သခင်မ ကဲယောက်လို့ဘဲ ထင်နေခဲ့ပါတယ် - နောက်နေ့မနက်မှာ မက်စ်ဟာ ကဲဝ်လင်းအိမ်ကနေ ပျောက်သွားခဲ့ပါတယ် - ကဲဝ်လင်းဟာ ထန်နထုန်း ရဲ့ ကုမ္ပဏီမှာ အလုပ်အတွက် အင်တာဗျူးဖို့ သွားခဲ့ပါတယ် - ထန်နထုန်းဟာ ကဲဝ်လင်းဟာ မမှတ်မိခဲ့ပါဘူး ဒါပေမယ့် သူအိမ်မက်ထဲက မိန်းကလေးဆိုတာ သိခဲ့ပါတယ် - ကဲဝ်လင်းဟာ ထန်နထုန်း သူ့ကို မမှတ်မိဘူးဆိုတာ အံ့သြသွားခဲ့ပါတယ် - သူမဟာ ထန်နထုန်း နဲ့ မက်စ် ကြား စိတ်ရှုပ်ထွေးသွားခဲ့ပါတယ် အကြောင်းရင်က ရုပ်တူပြီး စိတ်ဓာတ်ချင်း မိုး နဲ့ မြေလို ကွာခြားနေလို့ဘဲ ဖြစ်ပါတယ် 💗 ဒီလိုနဲ့ လူတစ်ယောက် ရဲ့ နှလုံးသား နှစ်စုံ ကြား ကဲဝ်အိုလင်း ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းထဲ စောင့်ကြည့်ကြရအောင် .......❗ ( ဇာတ်လမ်း အညွှန်းကို Mint Myanmar FC က ရေးသားထားတာဘဲ ဖြစ်ပါတယ် ) Translated by Kyaw Myo Htun and Hnin Moe Khaing Encoded by Juu May Kyaw