-
Movie Name
-
Summer Scent (2003)
-
Year
-
2003
-
Generes
-
Drama, Romance
-
Code
-
SKR0501
-
Type
-
Series
-
Size
-
6 GB
-
Country
-
Korea
-
Description
-
Summer Scent( 2003 )
😍ကျောက်မဖြစ်တဲ့ နှလုံးသားရုပ်ကြွင်း😍
Episode 1 to 20 စဆုံးနော်
Casts: Song Seung Heon & ဗိုလ်ကြီးကားက မမရဲ့ ငယ်ငယ်ကကားလေးSon Ye Jin❤
ဇာတ်လမ်းအညွှန်း...👇👇👇
ဒီဇာတ်လမ်းတွဲကတော့ မြန်မာပြည်မှာ
ကျောက်မဖြစ်တဲ့နှလုံးသားရုပ်ကြွင်းအမည်နဲ့ အလွန်ကိုရေပန်းစားခဲ့တဲ့ကားပါ။Summer Scent ဟာ နာမည်ကြီးဒါရိုက်တာ Yoon Seok Ho ရိုက်ကူးတဲ့ ရာသီဥတုကိုနောက်ခံထားတဲ့ Series လေးခုတွဲမှာ တတိယ serie ပါ။ ပထမကတော့ ၂၀၀၀ ခုနှစ်မှာ ထုတ်လွှင့်ပြသတဲ့ မင်းသားဆောင်းဆန်ဟွန်းပင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Autumn Love Story ( ဆောင်းဦးရွက်ကြွေချစ်သက်သေ ) ဖြစ်ပြီး ဒုတိယကတော့ အာရှစူပါစတား ဘေယောင်ဂျွန်း နဲ့ ချွိုင်ဂျီဝူးတို့ရဲ့ Winter Sonata ပါ။အရှေ့ကဇာတ်လမ်းတွဲနှစ်ခုစလုံးဟာ ပြည်တွင်းမှာ အကြီးအကျယ်အောင်မြင်ခဲ့ပေမဲ့ Summer Scent ကတော့ ကြည့်ရှုနှုန်းအတော်အသင့်ပါပဲ။ဒါပေမဲ့ အာရှနိုင်ငံအတော်များများမှာ အလွန်ရေပန်းစားအောင်မြင်ခဲ့တဲ့ အတွက် The Classic နဲ့ အာရှတစ်လွှားလူသိများနေ တဲ့ မင်းသမီး Son Ye Jin ကို Korea Wave Star(Hallyu Star) အဖြစ်ခိုင်ခိုင်မာမာထူထောင်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲပါ။ Summer Scent မှာ Son ရဲ့အငိုအလွမ်းကို ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်မှုကြောင့် တောင်ကိုးရီးယားရဲ့ Melodrama Queen Titleကိုရရှိခဲ့သလို ဂျူဒိုခါးပတ်နက်ဟောင်း မင်းသားဆောင်းဆန်ဟွန်းရဲ့ ယောကျာ်းပီသတဲ့ခန္ဓာကိုယ်အလှကြောင့် ကိုးရီးယားရဲ့ ခန္ဓာကိုယ်အကြံ့ခိုင်ဆုံးမင်းသားအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။
ဒီဇာတ်လမ်းတွဲနဲ့ Son Ye Jin ဟာ ၂၀၀၃ KBS Drama Awards မှာ Top Excellent Award
အတွက် ဆန်ကာတင်ဝင်ခဲ့ပါတယ်။