Movie Name
ဥမ္မာဒေဝီ (ဥထိုက်ဒေဝီ) (Uthaitaewee)(2017)
Year
2017
Generes
Drama, Historical
Code
ST0357
Type
Series
Size
13 GB
Country
Thai
Description
🐉ဥမ္မာဒေဝီ (ခ) ဥထိုက်ဒေဝီ🐉 (မြန်မာစာတန်းထိုး) အစ/အဆုံး ရပါပြီ ~Main casts~ စူထရတ်အဖြစ် - Surasak suwannawong ဥထိုက်ဒေဝီအဖြစ် - Mean waranporn ****ဇာတ်လမ်းအကျဉ်း**** စမတ်မာလာ သည် နဂါးတိုင်းပြည်မှ မင်းသမီးတစ်ပါးဖြစ်ပြီး လူသားတို့ နေထိုင်ရာလူ့ပြည်ကို စူးစမ်းလိုသောစိတ်ဖြင့် ရောက်ရှိလာခဲ့ပြီး တောကိုစောင့်ရှောက်ပေးလျက်ရှိသော နတ်တစ်ပါးနှင့် ချစ်ကြိုးသွယ်မိခဲ့လေသည်။ ကောင်းကင်စည်းကမ်းကိုချိုးဖောက်သည့် တောစောင့်နတ်ကို နတ်အကြီးအကဲမှ တိမ်ရဲ့အမြင့်ဆုံးနေရာတွင် ပိတ်လှောင်ထားလိုက်သည်။ နဂါးမင်းသမီး စမက်မာလာကလည်း ကိုယ်ဝန်ရရှိခဲ့ပြီး လူ့ပြည်တွင် လာရောက် ဥချခဲ့သည်။ သူမဟာ ရေအောက်သို့ မပြန်ခင် ဥတစ်လုံး အန္တရာယ်မကျရောက်စေဖို့ သူမအဆိပ် ထုတ်ထားပေးခဲ့သည်။ အစွမ်းရှိသောလက်စွပ်တစ်ကွင်းကိုပါ ဥနှင့်အတူ ထားခဲ့သည်။ ဖားပြုတ်မတစ်ကောင်ဟာ ဥကိုမြင်ပြီး စားလိုက်ရာ မြွေအဆိပ်ကြောင့် သေဆုံးသွားခဲ့သည်။ ကလေးသည် ဖားပြုတ်ကို အမေဟု ထင်ပြီး ဖားပြုတ်ကိုယ်ထဲတွင်သာ နေလေတော့သည်။ ထိုနောက် မင်းသမီးလေးဟာ အဖိုးအဖွားရဲ့မွေးစားခြင်းကို ခံယူပြီး အရွယ်ရောက်လာချိန်တွင် မင်းသားစူထရတ်နဲ့ တွေ့ဆုံခဲ့သည်။ မင်းသမီးလေး ဒေဝီဟာ ဘယ်လိုအန္တရာယ်‌တွေရင်ဆိုင်ကြုံတွေ့ရပြီး ဘဝကို ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်ပါသည်။