Movie Name
Time Is Up (2021)
Year
2021
Generes
Drama
Code
EN0572
Type
Movie
Size
1.06 GB
Country
Hollywood
Description
Time is Up (2021) Bella Throne ရဲ့ ကားသစ်လေး ထွက်ပါပြီ။ ဗီဗီယန်ဟာ ကိန်းဂဏန်းတွေကို သိပ်ပြီး ခုံမင်သလို အရာရာကို သူ စိတ်၀င်စားတဲ့ ရူပဗေဒ ဝေါဟာရတွေနဲ့ ခိုင်းနှိုင်းတတ်တဲ့ မိန်းမချောလေး တစ်ယောက်ပေါ့ ချောမောပြီး အားကစားအရာမှာ တော်တဲ့ ချစ်သူလေးတစ်ယောက်ရထားတဲ့အပြင် မိဘတွေကလည်း ဖူးဖူးမှုတ် အလိုလိုက်ထားတော့ သူ့ဘ၀လေးဟာ သာယာလှပါတယ် သို့ပေမဲ့ အားကစားကို အကြောင်းပြပြီး သူ့ကို ဂရုမစိုက်နိုင်တော့တဲ့ ချစ်သူနဲ့ ပြဿနာတွေတက်တဲ့အခါ ချစ်လှစွာသော မိဘ နှစ်ပါးရဲ့ နောက်ကွယ်က အမှန်တရားကို သိလိုက်ရတဲ့အ သာယာမှုတွေက သူ့အတွက် အလိမ်အညာတွေဖြစ်သွားခဲ့တယ် ဒီတော့ ထွက်ပေါက်ရှာသူတို့ ထုံးစံအတိုင်း အရက်လေး တမြမြနဲ့ ကလပ်တစ်ခုမှာ ပျော်ပါးရင်း ရွိုင်ဆိုတဲ့ ကောင်လေးနဲ့ ငြိစွန်းကြပါတော့တယ် အချိန်ခဏအတွင်းမှာ တွေ့ဆုံခဲ့သူအပေါ် ရင်ခုန်နှုန်းတွေက မြန်နေတဲ့အခါ ဗီဗီယန် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ပြောကြတာကတော့ “ဓာတ်ပြုပြီးသား ဒြပ်မှုန်လေးတွေဟာ ကွဲကွာသွားရင်တောင် ဒြပ်မှုန်ကွဲတွေ မဟုတ်တော့ဘူး လူ ၂ ယောက် ချစ်မိတဲ့ အခါလည်း ဒီလိုပါပဲ” တဲ့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Yoon Sandi Aung ပဲ ဖြစ်ပါတယ်။