Movie Name
Cold Brook (2019)
Year
2019
Generes
Drama
Code
EN0580
Type
Movie
Size
950 MB
Country
Hollywood
Description
တချို့ရုပ်ရှင်တွေက ကော်ဖီတစ်ခွက်နဲ့တူပါတယ်…တစ်ခွက်လုံးကို ခွက်လိုက်ကျိုက်ချရတာမဟုတ်ဘဲနဲ့ တစ်ငုံချင်း အရသာခံသောက်သွားရတာမျိုးပေါ့ ဒီရုပ်ရှင်ကားဟာလည်း ဒီအတိုင်းပါပဲ…ဇာတ်လမ်းက အေးသလိုလိုနဲ့ ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်ကို ဇိမ်ပြေနပြေ အရသာခံပြီးသောက်သလိုကြည့်မှ ခံစားသိရှိနိုင်မယ့် ဇာတ်ကားလေးတစ်ခုပါ…အိမ်နီးချင်းလည်းဖြစ် သူငယ်ချင်းတွေလည်းဖြစ်ကြတဲ့ တက်ဒ် နဲ့ဟေဒီ ဆိုတဲ့ လူလတ်ပိုင်း လူနှစ်ယောက်တို့ဟာ ကောလိပ်တစ်ခုက ပြတိုက်မှာ ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်လုပ်ပါတယ်…အိမ်မှာလည်းမိန်းမနဲ့ သားသမီးကိုယ်စီ ရှိကြသူတွေပေါ့ … သူတို့နှစ်ယောက်က ပြတိုက်မှာ လျှပ်စစ်မီးပြင်ဆင်တာတွေဘာတွေအတွက် ပြတိုက်ပိတ်ချိန်ရောက်မှ အိမ်ပြန်ရသလို တစ်ခါတလေ အရေးပေါ်ညကြီးသန်းခေါင် ခေါ်ယူရင်လည်း သွားရပါသေးတယ်…တစ်ရက် အလုပ်နောက်ကျတဲ့နေ့မှာ ပြတိုက်ပိတ်သွားလို့ လူတွေအားလုံးအိမ်ပြန်လို့ တံခါးတွေပိတ် တိတ်ဆိတ်သွားချိန်မှာ လူတစ်ယောက်ဟာ ပြတိုက်ထဲကျန်နေခဲ့တာကို တက်ဒ်နဲ့ ဟေဒီတို့တွေ့ပြီး အဲ့ဒီလူဟာ ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်…သူဟာ ဘယ်သူလဲ တံခါးပိတ်ထားတဲ့ပြတိုက်ထဲကို ဘယ်လိုရောက်လာတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခေါ်ငင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDb – 6.2/10 နဲ့ Rotten Tomatoes – 70% ရရှိထားပါတယ် Gasparilla International Film Festival Napa Valley Film Festival Woodstock Film Festival တို့ကနေလည်း ဆု ၃ ဆု ရရှိထားတဲ့ဇာတ်ကားပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်…