Movie Name
Qarib Qarib Singlle [2017]
Year
2017
Generes
Comedy, Romance
Code
IND0152
Type
Movie
Size
900 MB
Country
Bollywood
Description
“ချစ်ခြင်းတရားဆိုသည်မှာ” “Qarib Qarib Singlle” မင်းသား အီရာဖန် နဲ့ မင်းသမီးချော ပါရာဗသီတို့ရိုက်ကူးထားတဲ့ဆွတ်ပျံ့ကြည်နူးဖွယ် ဘောလိဝုဒ်ဇာတ်လမ်းတစ်ပုဒ်ပါ။ “ပါရာဗသီ”က ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယောက်ျားသေဆုံးခဲ့ပြီးအရွယ်ကောင်းမုဆိုးမလေးတစ်ယောက်ဖြစ်ကာ”တစ်ပင်လဲမူ တစ်ပင်ထူ”ဖို့ မဝံ့မရဲဖြစ်နေရှာသူ “ဂျာယား”ဆိုတဲ့ သက်လတ်ပိုင်း ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦး အဖြစ်သရုပ်ဆောင်ထားပါတယ်။ “အီရာဖန်”ကိုတော့ ဘဝမှာငယ်ချစ်ဦးတွေနဲ့ လွဲခဲ့ပြီးနောက်ပိုင်းမှာတော့ တစ်ကိုယ်တည်းဧကစာရီကျင့်နေရရှာတဲ့ ကဗျာဆရာ “ဗီယောဂီ”အဖြစ်နဲ့ဘဝကြင်ဖော်ရှာဖွေနေသူ သနားစရာ တစ်ပင်တိုင်မင်းသားကြီးအဖြစ်တွေ့မြင်ရမှာပါ။ တစ်နေ့မှာတော့ ဂျာယားဟာ အွန်လိုင်းပေါ်ကနေ ဖူးစာရှင်ရှာဖွေရေး ဝဘ်ဆိုက်ပေါ်မှာ လူစိမ်းတစ်ဦးနဲ့ စကားစမည်ပြောဆိုအပြီးမှာတော့ ထိုသူနဲ့ အပြင်မှာတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလူစိမ်းကတော့ ဇာတ်လိုက်ကျော်ကြီး ဗီယောဂီပါပဲ။ နှစ်ယောက်စလုံးက ၁၉၈၀ ခုနှစ်မတိုင်ခင်မှာ မွေးဖွားခဲ့သူတွေပီပီ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အရှက်အကြောက်ကြီးကြပုံချင်းတူပါတယ်။ တစ်ယောက်ရင်ထဲက တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က ဖွင့်ပြောဖို့ ဆိုတာက သူတို့အတွက်တော့ အပြစ်ကြီးတစ်ခုကို ကျူးလွန်မိမယ့်အတိုင်းနှစ်ယောက်စလုံးက မဝံ့မရဲသူတွေပါ။ “သူ့ရည်းစားဟောင်း သုံးဦးက ဗီယောဂီကို အခုထိစွဲလန်းနေကြတုန်းပဲ”လို့ ဗီယောဂီက ထုတ်ပြောမိတဲ့အခါ ဂျာယားက မယုံမကြည်ဖြစ်တဲ့အကြောင်း ငြင်းခုန်ကြရင်းနဲ့ ဗီယောဂီ ကသူ့ရီးစားဟောင်းတွေနဲ့ဂျာယားကို မိတ်ဆက်ပေးဖို့ အစီအစဉ်ဖြစ်လာခဲ့ပြီးတော့ နှစ်ယောက်သားခရီးရှည်ထွက်ခဲ့ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ သမားရိုးကျ အိန္ဒိယအက်ရှင်ကားတွေနဲ့မတူဘဲ ထူးခြားဆန်းသစ်တဲ့ ခရီးသွားအတွေ့အကြုံတွေ၊လူသားတွေရဲ့ ပင်ကိုယ်ရှိစမြဲဖြစ်တဲ့ အတ္တဝါဒအခြေပြု စဉ်းစားပုံတွေရယ်၊ ၁၉၈၀-၁၉၉၀ ခုနှစ်၂၀ ရာစုလူသားတွေရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့အခါ အရှက်အကြောက်ကြီးစွာတုန့်ပြန်ပုံတွေကိုပါမြင်တွေ့ရမယ့် မြန်မာဆန်တဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ***ရွှင်လန်းချမ်းမြေ့ကြပါစေ***