Movie Name
This Is The Year (2021)
Year
2021
Generes
Comedy, Drama
Code
EN0582
Type
Movie
Size
1.18 GB
Country
Hollywood
Description
This is the year 2020 ဒီတစ်ခါမှာတော့ Selena Gomaz ကိုယ်တိုင် executive producer အဖြစ် ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်ကား​လေးဖြစ်တဲ့ This is the year ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ် ကိုယ့် Crush ကိုဖွင့််ပြောဖို့ ချိန်ရင်းနဲ့ သူများနောက်ပါသွားတဲ့ ချိန်ပါတွေ ကိုယ့် Crush နဲ့အဆင်ပြေဖို့အတွက် သူငယ်ချင်းတွေကပါဝိုင်းကူရတဲ့သူတွေရှိလားဗျို့ တစ်ခါတစ်မှာ ဖူးစာဆိုတာ ဝေးဝေးလံလံ လိုက်ရှာစရာ မလိုပါဘူး ကိုယ့်နားမှာ ရှိတဲ့သူကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာပါ ကဲ ….. ဘာညာသရကာ ရွှီးရွှမ်းပြီးပြီဆိုတော့ …… အညွှန်းလေးဆီ သွားလိုက်ကြရအောင်လား ဒီဇာတ်လမ်းမှာတော့ ဂျော့်ရှ်က သူ့ရဲ့ Crush ဖြစ်သူ ဇိုဝီကို ဖွင့်ပြောဖို့ ချိန်နေတာ အထက်တန်းကျောင်း စီနီယာနှစ်အစကနေ ပြီးခါနီးတဲ့အထိ ဖြစ်လာပါတော့တယ် ဂျော့်ရှ်တစ်ယောက် မဖွင့်ပြောဖြစ်သေးတဲ့အပြင် ဇိုဝီတစ်ယောက် ရည်းစားနဲ့အတူ ရက်ပိုင်းအတွင်းမှာပဲ LA ကို ပြောင်းတော့မယ်အကြောင်းကို သိလိုက်တဲ့အခါမှာ……… ဂျော့်ရှ် ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မိုလီ ဟာ ဂျော့်ရှ်ကို ဖွင့်ပြောတဲ့နေရာမှာ ကူညီပေးဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ် ဂျော့်ရှ်တစ်ယောက်ကရော ဇိုဝီကို ဖွင့်ပြောနိုင်ဖို့ ဘယ်လိုမျိုးအကြံအဖန်တွေလုပ်ကြမလဲ ဇိုဝီ မပြောင်းခင်မှာ ဂျော့်ရှ်တစ်ယောက် ဖွင့်ပြောနိုင်ပါ့မလား အမြဲတစ်စေ အနေနီးခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်း မိုလီနဲ့ဂျော့်ရှ်ကြားမှာရော ဘာတွေထူးခြားလာမလဲဆိုတာ တေးသီချင်းကောင်းများနဲ့အတူ ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရင်း စိတ်အမောဖြေနိုင်အောင် တင်ဆက်ပေးလိုက်ပါပြီဗျို့ အညွှန်း နဲ့ ဘာသာပြန်ကတော့ Shwe Pwint and Shwe Pyae ပဲ ဖြစ်ပါတယ်။