-
Movie Name
-
Mistress(2018)
-
Year
-
2018
-
Generes
-
Romance, Thriller
-
Code
-
SKR0190
-
Type
-
Series
-
Size
-
3.86 GB
-
Country
-
Korea
-
Description
-
မင်းသမီးချော Han Ga In ရဲ့ ဇာတ်လမ်းတွဲအသစ်စက်စက်လေးကို KMS9 Channel နဲ့ FOF တို့မှ ပူးပေါင်း၍ ဘာသာပြန်တင်ဆက်ပေးသွားမှာပါ💓💓💓 👉Mistresses ကားလေးဟာ U.K ဒရမ်မာဇာတ်လမ်းတွဲကို Korea versionအနေနဲ့ ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Mystery,Triller,Romance အမျိုးအစားဖြစ်ပါတယ်။ ှွှ👉 28.4.2018 တွင်စတင်ထုတ်လွှင့်ခဲ့ပြီး အပတ်စဉ်စနေ တနင်္ဂနွေများမှာပြသလျက်ရှိပါတယ်။ 👉အပိုင်းအရေအတွက် ၁၂ပိုင်းပါဝင်ပါတယ်။ 👉 Han Ga-in,Shin Hyun-bin,Choi Hee-seoနဲ့Goo Jae-yiတို့အဓိကပါဝင်သရုပ်ဆာင်ထားပါတယ်။ အသက်၃၀ဝန်းကျင်မိန်းကလေးသူငယ်ချင်းလေးဦးဟာထူးဆန်းတဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိခဲ့ကြပြီးနောက်ဖြစ်ပေါ်လာတဲ့ သည်းထိတ်ရင်ဖိုစရာဖြစ်ရပ်တွေကို မိန်းကလေးလေးဦးရဲ့အချစ်ရေး အိမ်ထောင်ရေးတို့နဲ့ရောနှောပုံဖော်ရိုက်ကူးထားပါတယ်။ 🙈💥18+အခန်းအချို့ပါဝင်ပြီး၁၉နှစ်အောက် မကြည့်သင့်ကြောင်းအသိပေးထားပါတယ်💥🙈 💥Jang Se-yeon-သူမကတော့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်.ယောကျ်ားဖြစ်သူအက်စီးဒင့်ကြောင့်သေဆုံးပြီးနောက်သမီးလေးနဲ့အတူဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပါ.ထူးဆန်းတဲ့ဖုန်းနံပါတ်တစ်ခုကိုလက်ခံရပြီးနောက်ပိုင်းသူမပတ်ဝန်းကျင်မှာထူးဆန်းတာတွေဖြစ်လာခဲ့ပါတော့တယ် 💥Kim Eun Sooကတော့ စိတ်ရောဂါအထူးကုတစ်ယောက်ပါ.သူမရဲ့ရည်းစားဟောင်းသေဆုံးပြီးနောက်ဆန်းဟိုလို့ခေါ်တဲ့လူနာနဲ့တွေ့ဆုံခဲ့ပါတယ်.ဆန်းဟိုက သူမရည်းစားဟောင်းရဲ့သားဖြစ်နေပြီး အဖေကိုသတ်တဲ့တရားခံအဖြစ်သူမကိုသံသယဝင်လာတဲ့အခါမှာတော့… 💥Han Jang Won-အထက်တန်းကျောင်းဆရာမတစ်ယောက်ဖြစ်ပြီးယောကျ်ားဖြစ်သူကကျော်ကြားတဲ့စားဖိုမှူးတစ်ယောက်ပါ.သာယာတဲ့အိမ်ထောင်ရေးကိုအိမ်မက်မက်ခဲ့ပေမယ့် ကိုယ်ဝန်မရလို့စိတ်ညစ်နေသူဖြစ်ပါတယ်.တစ်ညမှာတော့အမှားတစ်ခု ကျူ းလွန်လိုက်မိပြီးဘယ်လိုကြောက်စရာတွေဖြစ်လာလိမ့်မလဲ… 💥Do Hwa Youngကတော့ရှေ့နေရုံးကလက်ထောက် တစ်ဦးဖြစ်ပြီးဘဝရည်မှန်းချက်တွေပြည့်ဖို့ကြိုးစားနေသူတစ်ယောက်ပါ.ရည်းစားဟောင်းရဲ့မိန်းမက အမှူသည်အဖြစ်နဲ့သူမဆီရောက်လာပြီးတဲ့အခါမှာတော့ သူမရဲ့ဘဝဟာရှုပ်ထွေးလာပါတော့တယ်……………………. မိန်းကလေးလေးဦးကြားက လူသတ်မှုဘာကြောင့်ဖြစ်လာရလဲ….သူတို့ကြားကသည်းထိတ်ရင်ဖိုဖြစ်ရပ်တွေနဲ့…အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်မို့အတူတူစောင့်ကြည့်အားပေးရအောင်နော်