Movie Name
Man To Man (2017)
Year
2017
Generes
Action, Comedy, Drama
Code
SKR0504
Type
Series
Size
10.1 GB
Country
Korea
Description
1-16 complete နာမည်ကြီးကြည့်ပြီး ကျော်မသွားကြနဲ့နော် အညွှန်းလေးတော့ဆုံးအောင်ဖတ်ကြည့်ကြပါလို့ Devil Judge ထဲက ဗီလိန်မမ Kim Min Jung ရယ် My Love From The Star ရဲ့ ဒုတိယမင်းသား Park Hye jin မှ main cast အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Park Sung Woongပါဝင် အားဖြည့်ထားတဲ့ အက်ရှင်ဒရမ်မာဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ် အေးဂျင့်ကေဟာ ကိုရီးယားနိုင်ငံရဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ထိပ်တန်းဖြစ်တဲ့ အမည်မဲ့အေးဂျင်ဖြစ်ပြီးတော့ နိုင်ငံတကာမှာ missionတွေ ထမ်းဆောင်သူလည်းဖြစ်ပါတယ် သူ့ကို နိုင်ငံတော်အဆင့် ထိပ်ပိုင်းရာထူးကြီးတချို့ပဲ သိထားကြပါတယ် တနေ့မှာ Missionထမ်းဆောင်နေတဲ့အေးဂျင့်တစ်ယောက် စာတစ်စောင်ပို့ပြီးနောက်ပျောက်သွားတဲ့အတွက်ကြောင့် ဒီကိစ္စကို အေးဂျင့်ကေတစ်ယောက်စုံစမ်းဖို့ဖြစ်လာပါတော့တယ် Missionကိုဆောင်ရွက်ဖို့အတွက် အေးဂျင့်ကေက နာမည်ကျော်မင်းသားယိုအွန်းဂန်းရဲ့ သက်တော်စောင့်ရဲ့အဖြစ်ဟန်ဆောင်ပြီးတော့ ယိုအွန်းဂန်းရဲ့ Big Fan တဖြစ် မန်နေဂျာဖြစ်သူ ချာဒိုဟာရဲ့ အချစ်ကို အသုံးချဖို့လုပ်ပါတော့တယ် အေးဂျင့်ကေစုံစမ်းနေရတဲ့အမှု နောက်ကွယ်မှာ နိုင်ငံရေး လောကအဘတွေ အရှုပ်ထွေးများကြီးပါဝင်ပတ်သတ်နေကြောင်း တဖြည်းဖြည်းသိလာတဲ့ခါမှာ……. အချစ်ကိုအယုံအကြည်မရှိဘဲနဲ့ အချစ်ရေးကို mission အတွက်ပဲ အမြဲအသုံးချလာတဲ့ အေးဂျင့်ကေတစ်ယောက်က အချစ်စစ်ကော ရှာတွေ့နိုင်မှာလား….. ချစ်ကြိုက်ကွဲညားမဟုတ်တဲ့ ဇာတ်အိမ်အကြီးကြီး တည်ထားတာကြောင့် ပါဝင်စီးမြောခံစားရင်း ရှုပ်ထွေးပွေလီတဲ့မေးခွန်းတွေကို အဖြေထုတ်ကြရမှာဆိုတော့ ပုရိသများရဲ့အကြိုက်လို့ထင်ပါတယ်ရှင် ဒီကားဟာ အက်ရှင်ဇာတ်ကား တောင်းတနေသူများအတွက်ရော၊ အချစ်ခန်းလေးတော့ပါမှကြိုက်တယ်ဆိုသူများအတွက်ရော အထူးသင့်တော်တဲ့ ဒရမ်မာကားလေးတစ်ခုဖြစ်ကြောင်း ညွှန်းချင်မိပါတယ်